မင်္ဂလာပါ ပျိုမေတို့ရေ။ ချွေးထွက်များတာနဲ့ မိတ်ကပ်တွေကွက်ပြီး ပုံပျက်သွားတာမျိုး တော်တော်များများ ကြုံဖူးကြမှာပါနော်။ ပူအိုက်တဲ့ရာသီတွေနဲ့ အခုလို အပြင်ထွက်ရင်း Mask တပ်ထားရတဲ့အချိန်တွေမှာဆို ပိုဆိုးပါတယ်။ အချိန်ယူပြီး ပြင်လာတဲ့ မိတ်ကပ် Look လေး ခဏနဲ့ ပြယ်သွားတာက နှမျောဖို့ကောင်းတာမို့ ချွေးထွက်များတဲ့အချိန်မှာလည်း မိတ်ကပ်ကြာရှည်ခံအောင်လိမ်းနိုင်မယ့်နည်းလေးကို ဒီတစ်ခေါက်မှာ မျှဝေပေးသွားမှာပါ။

Skincare လိမ်းတဲ့အဆင့်

မိတ်ကပ်မပြင်ခင် လိမ်းပေးရတဲ့ Skincare အဆင့်အတွက် အဆီပြန်တာကိုထိန်းပေးတဲ့ အာနိသင်ပါတာတွေ သုံးဖို့ လိုပါတယ်။ ဥပမာ Moisturizer အတွက် စေးကပ်မှုမရှိဘဲ အဆီပြန်တာထိန်းပေးနိုင်တဲ့ Gel Moisturizer မျိုးရွေးသုံးပေးပါ။ ချွေးနဲ့ မျက်နှာပေါ်ကအဆီရောပြီး မိတ်ကပ်ပြယ်တာတွေကို သက်သာစေပါလိမ့်မယ်။

Foundation အတွက် Tinted Moisturizer

မိတ်ကပ်မပျက်အောင် ရိုးရိုး Foundation တွေ ခပ်ထူထူလိမ်းမယ့်အစား အစိုဓာတ်ရသလို ကြာရှည်လည်းခံတဲ့ Tinted Moisturizer လေးတွေသုံးကြည့်ဖို့ အကြံပေးချင်ပါတယ်။ လိမ်းထားမှန်းမသိသာတဲ့ Natural ဆန်ဆန် Makeup Look လေးရစေတဲ့အပြင် SPF ပါတာမို့ နေလောင်ဒဏ်ကိုပါ ကာကွယ်ပြီးသားဖြစ်စေမှာပါ။

Cream Type ပါးနီလေး

ပေါင်ဒါအမျိုးအစား ပါးနီတွေက အသားနဲ့တစ်ထပ်တည်းမဖြစ်ဘဲ အရေအကြောင်းတွေ မြင်ရတတ်တာမို့ Cream ပါးနီလေးတွေ သုံးပေးတာ ပိုကောင်းပါတယ်။ ချွေးထွက်လာရင်တောင် ပါးနီတွေမကွက်သွားဘဲ ပြောင်ပြောင်လေးဖြစ်နေစေပါလိမ့်မယ်။

ရေစိုခံ Mascara နဲ့ Eyeliner လေးတွေ

ရာသီဥတုပူတဲ့အခါ Eye Makeup တွေက ပိုပြီးနေရာရွေ့ဖို့ လွယ်တာမို့ ဒီနေရာမှာ ရေစို၊ ချွေးစိုခံတဲ့ ပစ္စည်းလေးတွေ အစားထိုးပေးဖို့လိုပါတယ်။ တစ်နေကုန်မပျက်တဲ့ Eye Makeup လေးပိုင်ဆိုင်ဖို့ Waterproof ဖြစ်တဲ့ Mascara နဲ့ Eyeliner လေးတွေ သုံးပေးပါ။

Photo Source: Pinterest

By MyStyle Myanmar