မင်္ဂလာပါ ပျိုမေတို့ရေ။ ပျိုမေတို့ထဲမှာ အပေါ်မျက်ခွံက ကြီးပြီး အောက်ကို လျှော့ကျနေသလိုမြင်ရတဲ့ မျက်ဝန်းပိုင်ရှင်တွေရှိကြလား။ ဒီလိုမျက်လုံးမျိုးက မိတ်ကပ်လိမ်းနည်းမှားသွားတာနဲ့ ပင်ပန်းပြီးအိပ်ချင်နေသလို ကြည့်ရဆိုးသွားတတ်တာမို့ Eye Makeup လိမ်းတဲ့အခါ အရမ်းသတိထားရပါတယ်။ ဒီလိုမဖြစ်ရအောင် ဒီတစ်ခေါက်မှာ မျက်ခွံအောက်ကျတဲ့သူတွေအတွက် မျက်အိမ်လေးတွေ ပိုကျယ်ကာ မျက်ဝန်းဘေးကို ပင့်ပေးလိုက်သလို ခပ်ကောကော့လေးမြင်ရစေမယ့် Eye Makeup လိမ်းနည်းတွေကို ဖော်ပြပေးလိုက်ပါတယ်။ စမ်းလိမ်းကြည့်ဖို့စိတ်ဝင်စားတယ်ဆိုရင် ဆက်ကြည့်လိုက်ရအောင်နော်-

အောက်မျက်ခွံကိုသေချာဆွဲပါ


အောက်မျက်ခွံကို Liner ပါးပါးဖော်ပြီး အရိပ်ကျနေသလို အောက်ချကာ ဖြည့်ဆွဲပေးတာက မျက်အိမ်ပိုကျယ်သွားသလို မြင်ရတာမို့ သင့်မျက်ဝန်းကိုပိုပုံကျစေမှာပါ။

Eyeshadow ကို မျက်ခွံအပေါ်ပင့်ပြီး ဆိုးပေးပါ


အပေါ်မျက်ခွံကို Eyeshadow ဆိုးမယ်ဆိုရင် မျက်ခွံရဲ့အပေါ် မျက်ခုံးနားရောက်တဲ့အထိ ခပ်မြင့်မြင့်လေးဆိုးပေးတာ ပိုကောင်းပါတယ်နော်။ မျက်လုံးက ပိုကျယ်သွားသလိုမြင်ရတဲ့အပြင် အပေါ်ပင့်တင်ပေးတာမို့ မျက်ခွံအောက်လျှော့နေတာ သိပ်မသိသာတော့ပါဘူး။ Eyeshadow အရောင်ကိုလည်း မျက်ခွံထောင့်စွန်းပိုင်းမှာ ခပ်မှိုန်မှိုန်ဆိုးပြီး မျက်ခွန်ရှေ့အစွန်းကိုတော့ ထောင့်ကအရောင်ထက် ပိုပြီးလင်းလင်းလေးဖြစ်အောင် ထည်းဆိုးပေးပါ။

Eyeliner အဆင့်ကိုကျော်တာ ဒါမှမဟုတ် ထောင့်စွန်းနားကိုပဲ ခပ်ပါးပါးဆိုးတာမျိုးလုပ်ပေးပါ


မျက်ခွံကျတဲ့သူတွေက Eyeliner ခြယ်တဲ့အခါ အရမ်းဂရုစိုက်ရပါတယ်။ ဆွဲနည်းမှားသွားတာနဲ့ မျက်လုံးက ညိုမဲပြီး ကြည့်ရဆိုးသွားနိုင်တာမို့ တတ်နိုင်သလောက် ပါးပါးလေးဆွဲပြီး ထောင့်စွန်းပိုင်းကိုပဲ ခပ်ကော့ကော့လေးဖြစ်အောင် ဆွဲတာမျိုးလုပ်ပေးပါ။

မျက်တောင်ကော့ပါ


မျက်တောင်ကော့ပေးမှ မျက်လုံးကပိုထင်းပြီး အပေါ်ပင့်သွားမှာမို့ မျက်တောင်သေချာကော့ဖို့ မမေ့ပါနဲ့နော်။ မျက်တောင်တု တစ်ချောင်းချင်းလေးတွေပါထည့်ပေးမယ်ဆိုရင် Eye Makeup အရောင်ထည့်စရာသိပ်မလိုဘဲ ကြည့်ကောင်းနေပါလိမ့်မယ်။

Highlight ထည့်ပေးပါ


မျက်ခွံတွဲကျသလိုမမြင်ရအောင် မျက်ခွံအစပ် ရှေ့အစွန်းနဲ့ မျက်ခုံးအောက်နားလေးတွေမှာ Highlight (သို့) Glitter အနည်းငယ်ထည့်ပေးရပါမယ်။ ဒါကသင့်မျက်ဝန်းကိုပိုထင်းပြီး ကျယ်သွားစေတာမို့ မျက်ခွံကိုသတိမထားစေပါဘူး။

သေချာလေး Blend လုပ်ပေးရပါမယ်


ဒီအဆင့်ထိဆိုးပြီးပြီဆိုရင်တော့ အရောင်မညီတာ၊ ကွက်နေတာ၊ ရွေ့နေတာမျိုးမဖြစ်အောင် သေချာလေး Blend လုပ်ပေးလိုက်ပါမယ်နော်။ ဒါဆိုရင်တော့ မျက်ခွံကြီးမှန်းမသိသာအောင်ပြင်ဆင်ထားတဲ့ Eye Makeup Look လေးကို ရရှိနိုင်ပါပြီနော်။

Photo Source: Pinterest

By MyStyle Myanmar