အားလုံးပဲမင်္ဂလာပါနော်။ မိတ်ကပ်လိမ်းထားသလို မထင်ရဘဲ သဘာဝကျကျလေးနဲ့ Glow ဖြစ်တဲ့ မိတ်ကပ်ပုံလေးကို မျှဝေပေးချင်ပါတယ်။

အဓိက အားဖြင့်တော့ ဒီလိုမျိုး Glow ဖြစ်တဲ့ မိတ်ကပ်ပုံစံ လိမ်းချင်ရင်တော့ အသားအရေကို သေချာထိန်းသိမ်းပေးဖို့ လိုအပ်ပါတယ်။

Glow ဖြစ်တဲ့ မိတ်ကပ်ပုံလေးကို ဘယ်လိုလိမ်းရမလဲဆိုတာ မျှဝေပေးချင်ပါတယ်နော်။

၁။ ရေဓာတ်ဖြည့်ရပါမယ်

သင့်အသားအရေကို ကြမ်းတမ်းပျက်စီးစေနိုင်တဲ့ အပြုအမူ (၆) မျိုး

အသားအရေစိုပြေပြီး ရေဓာတ်စိုပြေစေဖို့အတွက် အရေးကြီးပါတယ်။ အဲဒါကြောင့် Moisturizer လိမ်းပေးသင့်သလို မျက်လုံးအတွက် ခရင်မ်လေးတွေလည်း လိမ်းပေးနိုင်ပါတယ်။

၂။ ပေါ့ပေါ့ပါးပါးဖောင်ဒေးရှင်းသုံးပါ

အာရှအသားအရေနဲ့ လိုက်ဖက်တဲ့ ဖောင်ဒေးရှင်းကို ဘယ်လိုရွေးချယ်မလဲ

ဖောင်ဒေးရှင်းကို အရမ်းအထူကြီးမလိမ်းပါနဲ့။ ခပ်ပါးပါးလေးပဲ လိမ်းပေးပါ။

၃။ မျက်လုံးကို ပိုပြီးတောက်ပအောင်

သင့်မျက်လုံးကို ပိုပြီးတောက်ပအောင် Concealer လိမ်းပေးပါ။ ဒါ့အပြင် Eye Cream လိမ်းပေးလိုက်ပါ။ ညတိုင်း လိမ်းပေးသင့်ပါတယ်။

၄။ မျက်နှာလေးပိုပြီးတောက်ပအောင်

Source: MECCA

Bronzer ကို သုံးပေးသင့်ပါတယ်။ သင့်ရဲ့ မေးရိုး၊ ပါးရိုး၊ ပါးပြင်၊ မျက်ခုံးရိုး၊ နှာတံ စတဲ့ ထင်ရှားတဲ့ အလှတရားတွေပိုပြီး ပေါ်သွားအောင်သုံးပေးပါ။

၅။ ပန်းနုရောင်ပါးနီလေးဆိုးပေးပါ

သင့်ရဲ့ မျက်နှာမှာ ပန်းနုရောင်ပါးနီလေး ဆိုးပေးလိုက်ပါ။

၆။ Highlighter သုံးပေးပါ

သင့်ရဲ့ အသားအရေလေးပိုပြီးတောက်ပစေဖို့နဲ့ ပါးရိုး၊ နှာခေါင်းရိုး ပိုပြီးပေါ်လွင်စေဖို့ Highlighter ကိုသုံးပေးပါ။ ဒီလိုဆိုရင် Sun Kiss Glow လေးဖြစ်နေစေမှာနော်။

၇။ Mascara ဆိုးပေးပါ

သင့်ရဲ့ မျက်တောင်မွှေးလေးတွေ ပိုထူပြီး ပိုလှစေဖို့ Mascara လေးသုံးပေးသင့်ပါတယ်။

၈။ သဘာဝကျတဲ့နှုတ်ခမ်းနီဆိုးပေးပါ

နှုတ်ခမ်းသားကို သဘာဝအတိုင်း လှပနေစေမယ့် နှုတ်ခမ်းနီမျိုးကို ဆိုးပေးသင့်ပါတယ်။

၉။ ပေါင်ဒါလိမ်းပါ

ပေါင်ဒါကို ခပ်ပါးပါးလေး လိမ်းပေးသင့်ပါတယ်။ အဆိပြန်တဲ့အသားအရေ၊ T Zone မှာ အဆီပြန်တတ်တဲ့အသားအရေပိုင်ရှင်ဆိုရင်ပိုလို့ မမေ့သင့်ပါဘူး။

Source: www.belletag.com