ပြီးပြည့်စုံတဲ့အလှတစ်ခုအတွက် ပြင်ဆင်ကြတဲ့အခါ အသားအရောင်ညီဖို့ အပြစ်အနာဆာတွေ ဖုံးဖို့အတွက် မိတ်ကပ်နဲ့ ပြင်ဆင်ကြပါတယ်။ ဒါပေမယ့် ပြီးပြည့်စုံတဲ့အလှတစ်ခုကို ရဖို့ဆိုရင် မိတ်ကပ်တခုတည်း နဲ့တင် မပြည့်စုံပါဘူးနော်။ သင့်ရဲ့ဆံပင်ကာလာနဲ့ လိုက်ဖက်တဲ့ မိတ်ကပ်အပြင်အဆင်ဖြစ်ဖို့လည်း အရေးကြီးပါသေးတယ်။ မိတ်ကပ်က ဘယ်လိုဘဲ လှအောင် ပြင်ထားပါစေ သင့်ဆံပင်ကာလာနဲ့ လိုက်ဖက်မှုမရှိဘူး ဆိုရင်တော့ လိုက်လျောညီထွေမရှိဘဲ နှစ်ခုလုံးရဲ့အလှ ပျတ်သွားနိုင်ပါတယ်။ ဒါကြောင့် ဆံပင်ကာလာတွေနဲ့ လိုက်ဖက်မယ့် Makeup Look  လေးတွေ ဖော်ပြပေးလိုက်ပါတယ်။

Black Hairs

အနက်ရောင်ဆံပင်ပိုင်ရှင်တွေအတွက် အနက်ရောင်ခြယ်သထားမျက်လုံးပြင်ဆင်မှုက ရိုးရိုးရှင်းရှင်းနဲ့ အလိုက်ဖက်ဆုံးပါ။ Nude နှုတ်ခမ်းနီ၊ peach blusher တို့နဲ့ပြင်ဆင်ထားတဲ့ ဒီ Look လေးက အရမ်း ကြည့်ကောင်းနေမှာ အသေချာပါ။ အဝတ်အစားရွေးချယ်တဲ့နေရာမှာလည်း ဘယ်လိုအဝတ်အစားမျိုးနဲ့မဆို လိုက်ဖက်ညီစွာ ဝတ်ဆင်လို့ ရပါသေးတယ်။

Blonde Hair


နူးညံ့ပျော့ပျောင်းတဲ့အရောင်တွေနဲ့  အရောင်ဖျော့ဖျော့အရောင်တွေက် ရွှေရောင်ဆံပင်အတွက် အကောင်းဆုံးအရောင်တွေပါ။ Eyeshadow အတွက်ဆို ဆင်စွယ် သို့မဟုတ် ပန်းရောင် ကိုရွေးချယ်သင့်ပြီး ပါးနီ အတွက်ကိုလည်း ပန်းရောင် blusher ရွေးချယ်ပေးပါ။  မိတ်ကပ်ကို အပြီးသတ်နိုင်ဖို့အတွက်တော့ ပန်းရောင် သို့မဟုတ် မက်မွန်သီးရောင်လေး ဆိုးပေးပါ။ အညိုရောင် နှုတ်ခမ်းနီက မျက်နှာကို မွဲခြောက်စေတာမို့ မသုံးပါနဲ့နော်။

Honey Coloured Hair

သဘာဝဆန်တဲ့အပြင်အဆင်လေးအတွက်ဆို ရွှေရောင်လက်လက်ကလေးတွေက မျက်လုံးလေးကို တောက်ပစေပြီး ချစ်ဖို့ကောင်းစေမှာပါ။ နှုတ်ခမ်းနီ Lip Gloss ပန်းရောင်လေး နဲ့ဆို အလှဆုံးဖြစ်နေမှာပေါ့။ မျက်လုံးကို ထင်းနေစေဖို့အတွက်တော့ အစိမ်းရင့်ရောင်၊  အညိုရောင် ဒါမှမဟုတ် ခရမ်းရောင် Eye Liner ကို သုံးလို့လည်း ရပါတယ်။ ညဘက် Look အတွက် ပြောင်းချင်ရင်တော့ Eyeshadow ကို စိမ်းပြာရောင်လေး ပြောင်းသုံးကြည့်လိုက်ပါ။

Red Hair

ချယ်ရီရောင်လိုမျိုး ဆံပင်အရောင်တွေအတွက်ကတော့ ဆံပင်ကာလာနဲ့ Eyeshadow လိုက်ဖက်နေဖို့မလိုတာကြောင့်  ထွေထွေထူးထူးစဥ်းစားစရာမလိုပါဘူး။ အရောင် နှစ်ရောင် သုံးရောင်လောက်ကို အစိမ်းရောင် သို့မဟုတ် ကြေးဝါရောင်တို့နဲ့အတူ Blend လုပ်လိုက်ပါ။ နှုတ်ခမ်းနီကိုတော့ မနုလွန်း မရင့်လွန်းတဲ့အရောင်လေး‌ ဆိုးပေးပါ။