မင်္ဂလာပါနော်။ မိတ်ကပ်မလိမ်းထားတဲ့ သင်ရဲ့ သဘာဝအသားအရေက အရမ်းမဖြူသလို ညိုတာလည်းမဟုတ်ဘဲ အသားလတ်တဲ့ဘက်ရောက်တဲ့သူလား။ ဒါဆိုရင်တော့ ဒီအကြောင်းအရာက သင့်အတွက်ပါပဲနော်။ အခုခေတ်မှာ ဘယ်လိုအသားအရောင်မျိုးနဲ့မဆို လိုက်ဖက်ပြီး Glow စေမယ့် မိတ်ကပ်ပြင်နည်းမျိုးစုံရှိနေပြီမို့ ကိုယ်နဲ့လိုက်ဖက်တာကို ရွေးချယ်တတ်ဖို့ပဲလိုပါတယ်။ ဒါကြောင့်မို့ ဒီတစ်ခေါက်မှာ အသားလတ်တဲ့ပျိုမေတို့အတွက် မိတ်ကပ်ပြင်တိုင်း ထင်းပြီးလှနေဖို့ ကူညီပေးနိုင်မယ့်နည်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ ဒါတွေသိထားတာက ဘယ်အချိန်မိတ်ကပ်ပြင်ပြင် အသုံးတည့်စေမှာဖြစ်လို့ စိတ်ဝင်စားရင် ဆက်ကြည့်ရအောင်နော်-

အရင်ဆုံး Sunscreen လိမ်းပါ

Sunscreen က အသားအရောင်မရွေးလိုအပ်တဲ့ အရေးအကြီးဆုံး Skincare အဆင့်ဖြစ်တာမို့ မိတ်ကပ်မလိမ်းခင် Sunscreen အရင်လိမ်းပေးပါ။ အသားညိုလွယ်တဲ့သူတွေက ပိုပြီးလိုအပ်ပါတယ်နော်။ ကိုယ်သုံးနေကျ မိတ်ကပ်တွေမှာ နေလောင်ကာ SPF ပါနေရင်တောင် Sunscreen ကိုတော့ မဖြစ်မနေ လိမ်းပေးရပါမယ်။

Foundation အရောင်မှန်အောင်ရွေးပါ

အသားလတ်တဲ့သူတွေက Foundation ကို အရောင်အရမ်းဖြူသွားတာမျိုး မရွေးသင့်ပါဘူး။ ကိုယ်မျက်နှာအပြင် လည်ပင်း အရောင်နဲ့ပါ ဆင်တဲ့ Foundation ကာလာမျိုးရွေးမှ သဘာဝဆန်ပြီး ပိုကြည့်ကောင်းမှာပါ။ ဒါကြောင့်မို့ ကိုယ့် Skin Tone နဲ့နီးစပ်တဲ့ Foundation တွေသုံးပေးဖို့ မမေ့ပါနဲ့။

ပါးနီနဲ Eyeshadow အရောင်ဝင်းဝင်းလေးတွေ သုံးပေးပါ

အသားလတ်တဲ့သူတွေက များသောအားဖြင့် Warm ဖြစ်တဲ့ အသားရောင်မျိုးရှိတတ်ကြတာမို့ ပါးနီနဲ့ Eyeshadow တွေခြယ်တဲ့အခါ လိမ္မော်၊ မက်မွန်သီးရောင်၊ နီညိုရောင်စတဲ့ အရောင်ဝင်းတဲ့ဘက်သွားတဲ့ ကာလာလေးတွေနဲ့ ပိုလိုက်ဖက်ပါတယ်။ Eyeshadow မှာဆိုရင် ရွှေရောင်၊ ကြေးရောင် Glitter လေးတွေ ထည့်ဆိုးပေးတာက မျက်ဝန်းလေးတွေပိုတောက်ပြီး ထင်းနေစေမှာပါ။

နှုတ်ခမ်းနီအရောင်မရွေး ဆိုးနိုင်ပါတယ်

အသားလတ်တဲ့သူတွေရဲ့ အားသာချက်တစ်ခုက နှုတ်ခမ်းနီမရွေးဘဲ အရောင်စုံနဲ့လိုက်ဖက်တာပါ။ အရောင်အနု၊ အရင့် ကြိုက်ရာဆိုးလို့ အဆင်ပြေပါတယ်နော်။ မိတ်ကပ်ထင်းထင်းလေးပေါ်ချင်တဲ့သူတွေက Nude ဖြစ်တဲ့ အရောင်ရင့်တာလေးတွေ ရွေးဆိုးပေးရင် ပိုကောင်းပါတယ်။

Highlighter လေးသုံးပေးပါ

မိတ်ကပ်လိမ်းတိုင်း Highlighter ထည့်ပေးတာက မျက်နှာကို ပိုပြီး Glow Look လေး ရစေပါတယ်နော်။ ကိုယ့်အသားအရောင်ပေါ်မှာ သဘာဝဆန်ဆန် Glow နေအောင် ကိုယ့် Skin ထက် အရမ်းမတောက်တဲ့ အရောင်လေးတွေရွေးချယ်ပေးရင် ပိုကောင်းပါတယ်။

Photo Source: Pinterest

By MyStyle Myanmar