မျက်မှန်တပ်တဲ့ကောင်မလေးတွေက မိတ်ကပ်တွေအများကြီးပြင်တာမျိုးနဲ့ သိပ်မလိုက်ပါဘူး။ ရိုးရိုးလေးပြင်ဆင်တာမျိုးနဲ့မှ ပိုချစ်စရာကောင်းပြီး ကြည့်ကောင်းနေမှာပါ။ ဒီတော့ မျက်မှန်နဲ့ကောင်မလေးတွေအတွက် ရိုးရိုးလေးနဲ့ ချစ်စရာကောင်းသွားမယ့် ပြင်ဆင်ပုံလေးတွေကို ကြည့်လိုက်ရအောင်။

မိတ်ကပ်

မိတ်ကပ်တွေကို အများကြီး၊ အထူကြီးမလိမ်းပဲ ပါးပါးလေးနဲ့ ကြည့်ကောင်းနေအောင်လိမ်းပါ။ မိတ်ကပ်အထူကြီးလိမ်းတာက ရုပ်ပိုရင့်ပါတယ်။ ဒါကြောင့် မိတ်ကပ်ကို ပါးပါးကြည်ကြည်လေးပဲလိမ်းပါ။

နှုတ်ခမ်းနီ

နှုတ်ခမ်းနီဆိုးရင်လည်း အရောက်တောက်တောက်လေးတွေ ဆိုးရတာကြိုက်ရင် ကိုရီးယားမလေးတွေဆိုးသလို အတွင်းသားလေးကို Lip Tint လေးတွေ ဆိုးပေးတာမျိုးပဲလုပ်ပါ။ ဒီလိုဆိုးတာက ပိုချစ်စရာကောင်းပါတယ်။ အရောင်ဖျော့တာလေးတွေကြိုက်ရင်တော့ ကိုယ်အဆင်ပြေသလို၊ ကြိုက်သလို ဆိုးလို့ရပါတယ်။

Eyeliner

မျက်မှန်တပ်ရင် Eyeliner မဆိုးပါနဲ့။ Eyeliner ဆိုးချင်တယ်ဆိုရင်လည်း တစ်ကြောင်းထဲပဲ ပါးပါးလေးဆိုးပေးပါ။ မျက်လုံးအောက်ကိုတော့ မဆိုးတာပိုကောင်းပါတယ်။

Mascara
Mascara နဲ့တော့ မျက်တောင်ကော့ပေးပါ။ ဒါမှ မျက်လုံးအိမ်လေးပိုကျယ်ပြီး ပိုလှနေမှာပါ။

Eyeshadow
Eyeshadow ဆိုးရင်လည်း အရောင်ကို ပန်းရောင်ဖျော့ဖျော့လေးတွေနဲ့ တခြားအရောင်ဖျော့တာလေးတွေကိုပဲ ရွေးဆိုးပါ။ အရောင်တောက်တာမျိုး၊ Smokey Eye ခြယ်တာမျိုးတော့ ရှောင်ပေးတာ အကောင်းဆုံးပါ။

ပါးနီ
ပါးနီကိုလည်း အရောင်ဖျော့ဖျော့လေးခြယ်ပေးတာက ပိုလိုက်ပါတယ်။ လူငယ်ဆန်ပြီး ပိုချစ်စရာကောင်းပါတယ်။ ပါးနီကို အရောင်တောက်တောက်တွေ ခြယ်လိုက်ရင် ကြည့်ရဆိုးစေပါတယ်။

Photo Source: www.pinterest.com