အသားမဲတဲ့သူတွေအတွက် မိတ်ကပ်လိမ်းထားရင် ကြည့်ကောင်းပြီး လှနေစေဖို့၊ မိတ်ကပ်သားလင်းပြီးလှနေစေဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ makeup step တွေကို ဖော်ပြပေးလိုက်ပါတယ်။

Right foundation

အောက်ခံမိတ်ကပ် foundation က အရမ်းကိုအရေးကြီးပါတယ်။ ကိုယ့်အသားအရောင်နဲ့ ကိုက်ညီတာမျိုးကို သေချာရွေးဝယ်ဖို့လိုပါတယ်။ အသားမဲလို့ဆိုပြီး ကိုယ့်အသားအရောင်ထက်ဖြူနေတဲ့ foundation ကိုလိမ်းမယ်ဆိုရင် မျက်နှာကြီးဖြူပြီး ကြည့်ရဆိုးစေပါတယ်။ ဒါကြောင့် ကိုယ့်အသားအရောင်နဲ့ တစ်ထပ်တည်းဖြစ်တာမျိုးကို သေချာရွေးသုံးပါ။

Focus eye

အသားမဲတဲ့သူတွေက မျက်လုံးကို focus ထားပြီး မျက်လုံးနက်အောင်ခြယ်၊ မျက်တောင်မွှေးရှည်ရှည်ထူထူလေး ဖြစ်အောင်လုပ်လိုက်ရင် ဆွဲဆောင်မှုရှိပြီး အရမ်းလှပါတယ်။ eyeshadow ကို အရောင်တောက်တာထက် အမှိုင်းလေးတွေခြယ်ပါ။ eyeliner ကို နက်နေအောင်ဆွဲပါ။ mascara သေချာသုံးပါ။

Highlighter

Highlighter သုံးလိုက်ရင် အသားအရောင်ကလင်းပြီး glow နေစေတာကြောင့် highlighter သုံးပေးပါ။ အသားမဲတဲ့သူတွေအနေနဲ့ highlighter ကို အဖြူရောင်ရှောင်ပြီး ရွှေရောင်ဘက်သွားတာတွေကို ရွေးသုံးပေးပါ။

Primer

မိတ်ကပ်သားကြာရှည်ခံပြီး ကွက်တာ၊ ပျက်တာ၊ အချိန်ကြာရင်မဲသွားတာမျိုး မဖြစ်ဖို့အတွက် foundation မလိမ်းခင်မှာ primer လိမ်းပေးပါ။

Lipstick

အသားမဲတဲ့သူတွေက lipstick ကို အရောင်ရင့်တာလေးတွေနဲ့ ပိုလိုက်ဖက်ပါတယ်။ မိတ်ကပ်လိမ်းပြီဆိုရင် lipstick ဆိုးထားမှ perfect ဖြစ်နေမှာပါ။

Setting powder

မိတ်ကပ်သားရွေ့တာမျိုးမဖြစ်စေဖို့အတွက် setting powder လည်းလိုပါတယ်။ setting powder ကိုလည်း အသားအရောင်နဲ့ အဆင်ပြေတာမျိုးကို သေချာရွေးဝယ်ပါ။ သုံးတဲ့အခါမှာ powder brush နဲ့သုံးပေးပါ။

Makeup spray

မိတ်ကပ်သားဖုံဖုံကြီးမဖြစ်စေဖို့၊ မိတ်ကပ်သားကြာရှည်ခံဖို့အတွက် အားလုံးပြင်ဆင်ပြီးရင် makeup spray ဖြန်းပေးပါ။ အသားခြောက်လို့ ရေဓာတ်ပြည့်ချင်ရင်တော့ facial mist လေးသုံးပြီး ခဏခဏဖြန်းပေးပါ။