သင်က မျက်မှန်ပုံမှန် တပ်နေကျ မိန်းကလေး တစ်ယောက်ဆိုရင် မိတ်ကပ်လိမ်းတဲ့အခါ အခက်အခဲ အချို့ ကြုံဖူးမှာပါ။ ယေဘုယျ အတွေ့များတဲ့ အခက်အခဲကတော့ လှလှလေး လိမ်းပြီး မျက်မှန်တပ်လိုက်မှ မိတ်ကပ်လိမ်းထားမှန်း သိကို မသိတော့တာပါ။ ကိုယ်က ဘယ်လောက်ပဲ ကြိုးစားလိမ်းပါစေ မျက်မှန်ကွယ်လိုက်တဲ့အခါ လုပ်သမျှ အလကား ဖြစ်သွားတတ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ သင်တပ်တဲ့ မျက်မှန်ပုံစံအလိုက် ခြယ်တဲ့ Blush နဲ့ Eye Shadow, Eyeliner စတဲ့ မိတ်ကပ်တွေကို ဘယ်နေရာမှာ မှန်မှန်ကန်ကန် ထိထိရောက်ရောက် လိမ်းနိုင်မလဲ ကြည့်လိုက်ရအောင်နော်-

၁။ Wide Frame သမားတွေ အတွက်

မျက်မှန်ဘောင် ကျယ်ကျုယ် တပ်တဲ့ ပျိုမေတို့အနေနဲ့ မျက်မှန်တပ်လိုက်တဲ့အခါ မျက်လုံးအပေါ်ကိုပဲ ပိုသိသာသွားစေပါတယ်။ ဒီလို မဖြစ်ဘဲ Balance ကျအောင် မျက်လုံးအောက်ကို ခြယ်ပေးရပါမယ်။ အထူးသဖြင့် မျက်လုံးအောက်ဘက် ဘေးနှစ်နေရာကို Eyeshadow သိသာစွာ ခြယ်ပေးရပါမယ်။

ဒီလိုဆိုရင် မျက်လုံးပိုကြီးတယ် ထင်ရစေပါတယ်။

၂။ ဘောင်ကျဉ်းတဲ့ မျက်မှန်ဝတ်တဲ့အခါ

မျက်မှန်ဘောင် ပါးပါးလေး ကို ပိုင်ဆိုင်တဲ့ ပျိုမေတို့အနေနဲ့ မျက်မှန်က နဂိုတည်းက V Shape ရအောင် ကူညီပေးနိုင်ပါတယ်။ ဒါကြောင့် မျက်လုံးလေး ပိုလှသွားအောင် Winged Eyeliner ပါးပါးလေး ခြယ်ပေးရပါမယ်။

ပြီးနောက် Blusher ကို မျက်လုံးအောက်မှာပါ ခြယ်ပေးရပါမယ်။ နှုတ်ခမ်းနီဆိုးတဲ့အချိန်လည်း နှုတ်ခမ်း Line ကို သိသာအောင် ဆိုးပေးသင့်ပါတယ်။

၃။ မျက်မှန် အနက်ရောင်ကိုင်း အဝိုင်း

အနက်ရောင် မျက်မှန် ကိုင်း ဝတ်လေ့ရှိတဲ့ ပျိုမေတို့အနေနဲ့ Blusher ကို မျက်လုံးအောက်နဲ့ ဘေးဘက်ကိုပါ ခြယ်ပေးရပါမယ်။

ဒါ့အပြင် Shimmer ကို မျက်လုံးအောက်မှာ ခြယ်ပေးရပါမယ်။ ဒီလိုမှ မျက်လုံးလေးက မျက်မှန်တပ်လိုက်တဲ့အခါ ပိုအသက်ဝင်မှာပါ။

Source: TikTok (stxph.h)

By MyStyle Myanmar