မိတ်ကပ်လိမ်းခြယ်မှုမှန်ကန်မှသာ အများငေးမောရတဲ့ အလှပိုင်ရှင်တစ်ယောက်ဖြစ်မှာပါ။ ဒါ့ကြောင့် သင့်ကို နတ်သမီးလေးတစ်ပါးလို လှပမလာအောင် ဟန့်တားနေတဲ့မိတ်ကပ်ပြင်ဆင်ခြယ်သမှုအမှားလေးတွေကို ရှောင်ကြဉ်လို့ရဖို့အတွက် အခုပဲလေ့လာကြည့်လိုက်ရအောင်။

မျက်နှာခဏခဏသစ်ခြင်း

လူတိုင်းမှာ မတူညီတဲ့အသားအရေအမျိုးမျိုးကို ပိုင်ဆိုင်ထားကြပါတယ်။ တကယ်လို့ ဖောင်ဒေးရှင်းလိမ်းပြီးတဲ့အခါ မျက်နှာအသားအရေက ခြောက်ပြီး အဖတ်အဖတ်တွေဖြစ်လာပြီဆိုရင်တော့ မျက်နှာခဏခဏ သစ်တတ်တဲ့အလေ့အကျင့်ကို ဖျောက်ပစ်လိုက်ပါ။

ခြောက်သွေ့တဲ့အသားအရေပေါ် မိတ်ကပ်လိမ်းခြင်း

မျက်နှာအသားအရေခြောက်သွေ့တဲ့သူတွေရဲ့ အကြီးမားဆုံးမဟာအမှားကတော့ Moisturizing ခရင်မ်မလိမ်းဘဲ မိတ်ကပ်တန်းလိမ်းခြင်းပဲဖြစ်ပါတယ်။ အသားအရေခြောက်သွေ့သူများအနေနဲ့ မျက်နှာကို အစိုဓာတ်အရင်ထိန်းပြီးမှ ဖောင်ဒေးရှင်းတို့ မိတ်ကပ်တို့ လိမ်းရမှာပါ။

သဘာဝအလင်းရောင်အောက်မှာ မိတ်ကပ်မလိမ်းခြင်း

မိတ်ကပ် Blend ပြုလုပ်သည့်နည်းလမ်း မှားယွင်းခြင်း

ကွန်စီလာလိမ်းခြယ်မှုပုံစံ မှားယွင်းခြင်း

ဖောင်ဒေးရှင်းကို အလွန်အကျွံလိမ်းခြယ်မိခြင်း

မျက်ခုံးမွှေးကို ထူထူကြီးဆွဲခြင်း

 

မလိုအပ်ဘဲ အလက်လက်များထည့်ခြင်း

Eyeliner ကို မျက်ခွံအပေါ်ရော အောက်ရော ခြယ်သခြင်း

 

နှုတ်ခမ်းအနားကွပ်တဲ့အခါ အထူကြီးဘောင်ကွပ်မိခြင်း

ပါးနီကို အလွန်အကျွံလိမ်းခြယ်မိခြင်း

ရေမွှေးအလွန်အကျွံ ဆွတ်ခြင်း

လူတစ်ကိုယ် အကြိုက်တစ်မျိုးစီဖြစ်တဲ့အတွက်ကြောင့် သင်ကြိုက်တဲ့ရေမွှေးအနံ့ကို တခြားလူတွေ အနံ့မခံနိုင်ဖြစ်တတ်ပါတယ်။ ဒါဆိုရင်တော့ သင့်အနားကနေ မသိမသာရှောင်ဖယ်သွားမိကြမှာပါ။ ဒါ့ကြောင့် ရေမွှေးကို တော်သင့်ရုံပဲ ဆွတ်ပေးပါ။

မိတ်ကပ်မဖျက်ဘဲ အိပ်ရာဝင်ခြင်း

အသားအရေလေး ကျန်းမာလှပချင်တယ်ဆိုရင်တော့ လိမ်းထားတဲ့မိတ်ကပ်တွေကို အကုန်အစင်ပြောင်အောင် ဖျက်ပေးဖို့ လိုမယ်နော်။

မိမိဝတ်စားထားတဲ့ အဝတ်အစားအရောင်နဲ့ လိုက်ဖက်မှုရှိအောင်ဆိုပြီး မိတ်ကပ်အရောင်ကိုပါ တစ်ထပ်တည်းလိုက်ပြင်ဆင်တာကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။

မျက်လုံးမိတ်ကပ်ကိုလည်း အလွန်အကျွံပြင်ဆင်ထားပြီး နှုတ်ခမ်းနီတောက်တောက်ကြီးဆိုးထားတာကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။

 

မျက်လုံးအလှတစ်ခုတည်းကိုပဲ ဦးစားပေးတာမျိုး၊ ဒါမှမဟုတ် နှုတ်ခမ်းနီလေးကို တောက်တောက်လေးခြယ်တာမျိုး၊ တစ်ခုတည်းကိုပဲ ရွေးချယ်ပေးရပါမယ်။

Source: www.stylecraze.com