တချို့မိန်းကလေးတွေက နေ့တိုင်းမိတ်ကပ်လိမ်းနေပေမယ့် လိမ်းတဲ့ပုံစံကမှားနေတာ ၊ လုပ်မိနေတတ်တဲ့ မိတ်ကပ်အမှားတွေကို သတိမထားမိတတ်ကြပါဘူး။ ဒါတွေကတော့ မိတ်ကပ်လိမ်းတဲ့မိန်းကလေးတွေ လုပ်မိတတ်တဲ့ အမှားလေးတွေပါ။

Primer မသုံးတာ

မိတ်ကပ်မလိမ်းခင်မှာ Primer က အရေးကြီးပါတယ် ။ Primer က မိတ်ကပ်သားညီအောင် ၊ မိတ်ကပ်မရွေ့အောင် ကူညီပေးတာမလို့ မဖြစ်မနေလိမ်းဖို့ လိုအပ်တဲ့အရာတစ်ခုပါ။

Hyaluronic Acid (HA) မသုံးတာ

အသက်ကြီးလာတာနဲ့အမျှ အသားရေဟာ ရေဓာတ်ခမ်းခြောက်လွယ်တဲ့အတွက် Hyaluronic Acid မသုံးတာက အသားအရေကို မွဲခြောက်စေတဲ့ မိတ်ကပ်အမှားတွေထဲက တစ်ခုပါ။

Foundation မပြောင်းတာ

အသားအရေက အသက်ကြီးလာတာနဲ့အမျှ မျက်နှာနဲ့လည်ပင်းက အသားအရေတွေက ခြောက်သွေ့ ပြောင်းလဲလာတာမလို့ အသက်အရွယ်နဲ့လိုက်ဖက်တဲ့ Foundation ကိုလည်း ပြောင်းသင့်ပါတယ်။

အလင်းရောင်နည်းတဲ့နေရာမှာ မိတ်ကပ်လိမ်းတာ

သဘာဝနေရောင်ခြည်က အတောက်ပဆုံး အလင်းရောင်ဖြစ်တာမလို့ မိတ်ကပ်လိမ်းတဲ့အခါ သဘာဝအလင်းရောင်ကို တတ်နိုင်သမျှ သုံးတာ အကောင်းဆုံးပါ။ ဒါမှမဟုတ် အပြင်ဘက်အရောင်နဲ့ အနီးစပ်ဆုံးတူတဲ့ အဖြူရောင် LED မီးရောင်အောက်မှာ လိမ်းပေးပါ။

နှုတ်ခမ်းကို ဂရုစိုက်ဖို့ မေ့နေတာ

နှုတ်ခမ်းတွေကလည်း အသားအရေလိုဘဲ ဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။ တစ်ပတ်ကို တစ်ကြိမ် နူးညံ့တဲ့ Scrub နဲ့ Exfoliateလုပ်ပြီး ရေဓာတ်ဖြည့်ပေးတဲ့ Lip Balm လိမ်းပေးပါ။