ကိုယ်က မှန်ကြောင်လေးလား။ မျက်မှန်တပ်ထားတဲ့ ကောင်မလေးတွေကချစ်စရာလည်း ကောင်းသလို အစလည်းခံကြရတယ်နော်။ နောက်တစ်ချက်က မျက်မှန်တပ်ထားတဲ့ကောင်မလေးတွေက မိတ်ကပ်ပြင်ရင် အနည်းငယ်အခက်တွေ့တတ်ကြပါတယ်။ မိတ်ကပ််ပြင်တဲ့အခါကျရင် မျက်မှန်တပ်ရတဲ့ကောင်မလေးတွေက သဘာဝဆန်တဲ့ Look လေးတွေနဲ့ပိုပြီးလိုက်ဖက်ပါတယ်။ Makeup Look ကလည်းချစ်စရာကောင်းပြီး ကိုယ့်ကိုမြင်လိုက်တာနဲ့ ပိုချစ်စရာကောင်းပြီး အသဲယားစရာလေးလိုဖြစ်နေစေမှာပါနော်။ အခုပြောပြတဲ့အချက်လေးတွေက မှန်ကြောင်လေးတွေအတွက် ပိုလှပြီး Sexy လည်းဖြစ်စေတဲ့ Makeup Tips လေးတွေဖြစ်ပါတယ်။
မျက်မှန်ရဲ့အရိပ်က မျက်ခွံတစ်ဝိုက်ကျတတ်တဲ့အတွက် အရိပ်မဲကျစေပြီး မဲမဲထင်းထင်းနဲ့ ကွင်းကွင်းကြီးလို့ဖြစ်စေတတ်ပါတယ်။ ဒီအချက်က ကိုယ့်ကို Panda Eyes ဖြစ်နေရင်တော့ Concealer ကိုတော့ Foundation လိမ်းပြီးတာနဲ့ မျက်ဝန်းတစ်ဝိုက်သုံးပေးသင့်ပါတယ်။ Concealer ကိုလည်းအရောင်ရင့်တွေထက် ကိုယ့်အသားအရေထက် အနည်းငယ်သာရင့်တဲ့ Foundation အရောင်မျိုးကိုသာရွေးသုံးစေချင်ပါတယ်။
မျက်မှန်တပ်တဲ့ကောင်မလေးတွေအတွက် Eyeshadow အရောင်ရွေးချယ်မှုကလည်း အရမ်းအရေးပါပါတယ်။ အရောင်ရင့်ရင့်ကြီးတွေ တောက်တောက်ကြီးတွေ မသုံးသင့်ပါဘူးနော်။ Light ဖြစ်ပြီး Simmery ဖြစ်တဲ့ Color မျိုးကိုသုံးပေးသင့်ပါတယ်။ ဒါမှာလည်း မျက်မှန်အောက်က ကိုယ့်မျက်လုံးလေးက ချစ်စရာကောင်းပြီး တောက်ပနေပါလိမ့်မယ်နော်။
နှုတ်ခမ်းနီအရောင်ကလည်း မျက်နှာပြင်တစ်ခုလုံးကို ထိန်းပေးတဲ့အရာဆိုလည်း မမှားပါဘူးနော်။ မျက်လုံးလေးကလည်း Natural Look လေးပြင်ထားတယ်ဆိုရင် ကိုယ်ကခပ်မိုက်မိုက်နဲ့အထာလည်း ကျချင်တဲ့ဆိုရင်အရောင်ရင့်ရင့်လေးတွေ ဆိုးစေချင်ပါတယ်။ ဒါမှမဟုတ် တည်တည်ငြိမ်ငြိမ် ကိုယ့်ကိုယ်ကိုယ် လူကြီးပိုဆန်စေချင်တယ်ဆိုရင်တော့ အသားဘက်ဆောင်တဲ့ Nude အရောင်လေးတွေ ဆိုးကြည့်ပါနော်။
Photo Source – Free.pik





