မင်္ဂလာပါ ပျိုမေတို့ရေ။ မိတ်ကပ်စလိမ်းမယ့် Begineer တွေအတွက်တော့ Smoky Eye Makeup Look ဖန်တီးရတာက ထင်သလောက်မလွယ်ပါဘူးနော်။ အရောင်အရင့်တွေပါတာမို့ လိမ်းတာအရောင်မမှန်ရင် ရုပ်ရင့်ပြီး ကြည့်ရဆိုးသွားစေမှာပါ။ သင်ကိုယ်တိုင်လည်း ဒီလို Look မျိုး ပြင်ကြည့်ဖို့ စဉ်းစားနေတယ်ဆိုရင်တော့ ဒီအကြောင်းအရာက သင့်အတွက်ပါပဲ။ ဒီတစ်ခေါက်မှာ Smoky Eye Makeup လိမ်းပြီး အမိုက်စား Look လေး ပိုင်ဆိုင်ချင်သူတွေအတွက် အသုံးဝင်စေမယ့် လိမ်းခြယ်နည်းတွေကို ဖော်ပြပေးလိုက်ရပါတယ်။

Primer (သို့) Concealer အရင်လိမ်းပါ


Eyeshadow အရောင်ခံအောင် မခြယ်ခင် Primer ဒါမှမဟုတ် Concealer တစ်ခုခုကို အရင်လိမ်းပေးပါ။ ဒီနှစ်မျိုးလုံးက Eye Makeup နေရာမရွေ့ဘဲ ကြာရှည်ခံစေမယ့်အပြင် လိမ်းတဲ့အခါမှာလည်း မျက်ခွံတစ်ဝိုက် Smooth ဖြစ်နေစေမှာပါ။

အသားရောင်ပုံစံ Base လေးနဲ့အရင်စပါ

Photo Source: bebeautiful.in

Eyeshadow ခြယ်တဲ့အခါ Base အရောင်ထည့်ပေးဖို့လည်း အရေးကြီးပါတယ်။ အရင်ဆုံး အသားရောင်ဖြစ်တဲ့ Nude ကာလာလေးတစ်ခုနဲ့ အရင်စခြယ်လိုက်ပါ။ ဒါက နောက်ခြယ်မယ့်ကာလာတွေကို အရောင်ပိုထွက်ပြီး Blend ပိုဖြစ်အောင် ပံ့ပိုးပေးနိုင်ပါတယ်။

အရောင်သေချာရွေးပါ


Smoky Look တွေရဲ့ ပုံမှန်သုံးနေကျ Classic အရောင်တွေက အညို၊ အမဲ၊ မီးခိုးရောင်၊ ရွှေအိုရောင်၊ နက်ပြာနဲ့ အစိမ်းပုတ်ဘက်သွားတဲ့ အရောင်ရင့်ရင့်တွေပါ။ ဒီလို Shade တွေထဲက ကိုယ်ပြင်မယ့်ပုံစံ၊ Outfit နဲ့လိုက်မယ့် ကာလာကိုရွေးလိုက်ပါ။ မျက်သုံးသေးပြီး မျက်အိမ်ကျဉ်းတဲ့သူတွေကတော့ အရမ်းရင့်တဲ့အရောင်မျိုးတွေသုံးရင် ပိုသေးသွားတတ်တာမို့ အမဲလို အရောင်အရမ်းမှောင်တာမျိုးကိုရှောင်ပြီး အညိုရင့် ဒါမှမဟုတ် မီးခိုးရောင်လေးတွေ သုံးပေးသင့်ပါတယ်။

ခြယ်တဲ့နေရာမှန်ဖို့လိုပါတယ်


Smoky Eye ခြယ်တဲ့အခါ အနုအရင့်အရောင်စပ်တဲ့နေရာမှန်ဖို့ အဓိကပါပဲ။ မလိုတဲ့နေရာမှာခြယ်မိရင် အရောင်တွေမဲပြီး ပင်ပန်းနေသလိုပုံပေါက်ကာ ကြည့်ရဆိုးစေမှာပါ။ ဥပမာ မှောင်ပြီးရင့်တဲ့ကာလာတွေကို မျက်လုံးရဲ့ ထောင့်အစွန်းမှာပဲ ကော့ကော့လေး ဖြည့်ဆိုးပေးတာကောင်းပါတယ်။ မျက်ခွံအတွင်းထောင့်မှာတော့ အရောင်နည်းနည်းလင်းပြီး ရွှေရောင်၊ ငွေရောင် Glitter ပါတာလေးတွေ ခြယ်တာက သင့်မျက်လုံးကိုပိုလင်းပြီး ကျယ်သွားသလို တွေ့ရမှာပါ။

Eyeliner အရမ်းမခြယ်ပါနဲ့


Smoky Look ဖြစ်တိုင်း Eyeshadow ရော Eyeliner ပါမဲပြီး Dramatic ပုံစံဖြစ်နေဖို့မလိုပါဘူး။ ဒါကြောင့်မို့ Eyeliner ထူထူထည့်တာမျိုးရှောင်ပါ။ ဆိုးတဲ့အခါ မျက်ခွံနဲ့ကွက်တိဖြစ်တဲ့ ခပ်ပါးပါးလေးပဲ ဆွဲဖို့လိုပါတယ်။

မျက်ခွံအောက်ကို ခပ်ပါးပါးခြယ်ပါ။

Photo Source: ipsy.com

မျက်ခွံအောက်ဆိုးတာက များသွားရင် မျက်ကွင်းညိုတတ်ပါတယ်။ ဘာမှမဆိုးရင်လည်း တစ်ခုခုလိုနေသလို မြင်ရတာမို့ အောက်မျက်ခွံကို အရောင်ခပ်ပါးပါးလေး ထည့်ပေးလိုက်ပါ။

Photo Source: Pinterest

By MyStyle Myanmar