မင်္ဂလာပါ ပျိုမေလေးတို့ရေ… အပြင်သွားခါနီးတိုင်း နှုတ်ခမ်းနီဆိုးခြင်း၊ မျက်ခုံးမွှေးဆွဲခြင်း၊ ပါးနီခြယ်သခြင်း စတဲ့အလှပြင်နည်းမျိုးစုံက ပျိုမေလေးတို့ရဲ့ အလှအပကို ပိုလှသထက်လှလာအောင် ကူညီထောက်ပံ့ပေးနေတယ်ဆိုတာ သိပြီးသားဖြစ်ပါတယ်။ ဒါပေမဲ့ ချိန်းထားတဲ့အချိန်က အရမ်းနီးကပ်လာလို့ နောက်ကျမှာစိုးရိမ်တာနဲ့ပဲ အလောတကြီးနဲ့ အလှပြင်လိုက်တော့ မိတ်ကပ်အပြင်အဆင်က ထင်သလောက်မလှတော့ဘဲ ရုပ်ရင့်သွားစေတတ်တဲ့အတွက် MyStyle Myanmarရဲ့ ပျိုမဒီလေးတွေကိုတော့ အဲ့လိုမျိုးအဖြစ်မခံနိုင်လို့ ဒီအကြောင်းအရာလေးကို ဝေမျှပေးလိုက်ပါတယ်နော်။

ဒီလိုရုပ်ရင့်စေတဲ့ အမှားမျိုး မကျူးလွန်မိဖို့အတွက် အခုဖော်ပြပေးမယ့် အချက်လေးတွေကို ကြိုတင်ရှောင်ရှားလိုက်ကြရအောင်…

Moisturizer မလိမ်းမိခြင်း

ဖောင်ဒေးရှင်းမလိမ်းခင်မှာ သင့် အသားအရေ တစ်နေကုန် အစိုဓာတ်ပြည့်ဝပြီး အသားအရေ ခြောက်ကပ်ကပ်မဖြစ်ဖို့အတွက် Moisturizing ခရင်မ် မဖြစ်မနေ လိမ်းပေးရမှာပါ။

ဖောင်ဒေးရှင်း ဖျော့လွန်းခြင်း (သို့) ဖောင်ဒေးရှင်း များလွန်းခြင်း

ကိုယ့်အသားအရေနဲ့ လိုက်ဖက်တဲ့ဖောင်ဒေးရှင်းကို ရွေးချယ်ဝယ်ယူသုံးစွဲသင့်ပါတယ်။ ဖောင်ဒေးရှင်း ကာလာစမ်းမယ်ဆိုရင် လက်နဲ့ လည်ပင်းမှာ လိမ်းခြယ်ပြီး စမ်းပေးလိုက်ပါ။ ဒါ့အပြင် ဖောင်ဒေးရှင်း အထူကြီး လိမ်းခြယ်တာမျိုး၊ ပါးပါးလေးပဲ လိမ်းခြယ်တာမျိုးကို ရှောင်ကြဉ်သင့်ပါတယ်။

မျက်ခုံးမွှေး အထူကြီး ဆွဲမိခြင်း

မျက်ခုံးမွှေး အထူကြီးဆွဲတဲ့သူတွေကို ပျိုမေလေးတို့ မြင်ဖူးကြမှာပါနော်။ ပျိုမေလေးတို့လည်း ထိုအမှားမျိုး မလုပ်မိဖို့ သတိထားပေးပါရစေ။ မျက်ခုံးမွှေးဆိုတာ သင့် မျက်နှာတစ်ခုလုံးရဲ့ အသက်ပါပဲ့။

အိုင်းရှဲဒိုး အထူကြီး လိမ်းခြယ်မိခြင်း

အိုင်ရှဲဒိုး အထူကြီး လိမ်းမိတယ်ဆိုရင် မိတ်ကပ်ဖျက်ဆေးနဲ့ ပြန်ဖျက်ပြီး အစက ပြန်လိမ်းပေးလိုက်ပါ။ နို့မဟုတ်ရင် သင့် မျက်လုံးက အရေးအကြောင်းတွေကို အာရုံပြုမိစေသလိုဖြစ်စေပါတယ်။

မျက်တောင်ကော့ဖို့ မမေ့ပါနဲ့


မျက်တောင်ကော့စက်နဲ့ မျက်တောင်ကော့လိုက်တာ စက္ကန့် ၃၀ လောက်ပဲ ကြာပါတယ်။ မျက်တောင်ကော့ဖို့ မေ့သွားတဲ့အခါ မျက်တောင်က တစ်ဖြောင့်တည်းဖြစ်နေတော့ သင့်မျက်ဝန်းအလှက ပေါ်လွင်မှာမဟုတ်တော့ပါဘူး။

အိုင်းလိုင်နာ တစ်ဖက်နှင့် တစ်ဖက် မညီခြင်း

အိုင်းလိုင်နာဆွဲတဲ့အခါ တစ်ဖက်က ထူပြီး တစ်ဖက်က ပါးနေတာမျိုး မဖြစ်ရပါဘူး။ ပါးနေတဲ့ လိုင်နာတစ်ဖက်ကိုလည်း ညှိရင်း ညှိရင်းနဲ့ နှစ်ဖက်စလုံး ထူလပျစ်ကြီး ဖြစ်သွားတာမျိုးလည်း မဖြစ်ရပါဘူး။ ဒါ့အပြင် တစ်ဖက်က ရှည်မျောမျောဆွဲမိပြီး ကျန်တစ်ဖက်ကိုတော့ Cat Eye ပုံသဏ္ဍာန် အဝိုင်းလေး ဆွဲမိလို့လည်း မရပါဘူး။ နှစ်ဖက်စလုံး ညီနေမှ လှပတဲ့ မျက်ဝန်းတစ်စုံကို ပိုင်ဆိုင်ရရှိနိုင်မှာပါ။