မင်္ဂလာပါနော်။ ဒီနေ့မှာတော့ အလှအပရေးရာနဲ့ ပတ်သက်ပြီး ပြောပြပေးချင်တဲ့ အကြောင်းအရာလေးကတော့ ပျိုမေတိုင်း ရင်ဆိုင်တွေ့ကြုံရတဲ့ ဂျိုင်းမွှေးပြဿနာကို အထိအခိုက်မရှိပဲ့ အလွယ်တကူဖြေရှင်းနိုင်မယ့် နည်းလမ်းကောင်းလေးကို မျှဝေပေးမှာပဲ့ဖြစ်ပါတယ်။ ဂျိုင်းမွှေးခဏခဏ နှုတ်ရတာက အရမ်းနာပြီး တကယ့်ကို အဆင်မပြေတဲ့အပြင် ကြာလာတာနဲ့အမျှ ဂျိုင်းကြားအသားအရေပါ မဲလာတာမျိုး ချွေးပေါက်တွေကျယ်လာမျိုးတွေ ဖြစ်လာတတ်ပါတယ်။

ဒါကြောင့် ဂျိုင်းမွှေးသန်လို့ ခဏခဏနှုတ်နေရတဲ့သူတွေနဲ့ ဂျိုင်းကြားအသားအရေ ပျက်စီးလို့ စိတ်ညစ်နေသူတွေအတွက် ရိုးရှင်း အလွယ်ကူဆုံး နည်းလမ်းကောင်းဖြစ်တဲ့ Sugar Waxပြုလုပ်နည်းလေးကို လက်တို့ပြပါရစေ…

၂ မိနစ်အတွင်း ဂျိုင်းမွှေးတွေကို ဖယ်ရှားပစ်ကြမယ်

ပါဝင်ပစ္စည်း

သကြား ၂ ခွက်

သံပုယိုရည် ခွက် ၁/၄ ပုံ

ရေခွက် ၁/၄ ပုံ

ပျားရည် ခွက် ၁/၄ ပုံ

Sugar Wax ပြုလုပ်နည်းလေးကတော့…

အိုးအသေးတစ်လုံးထဲကို ရေထည့်လိုက်ပြီး ဆူအောင် တည်လိုက်ပါ။ ပြီးရင် တခြားပါဝင်ပစ္စည်းတွေထည့်ပြီး သေချာမွှေလိုက်ပါ။ ပြီးရင် အပူချိန်ကို လျှော့လိုက်ပြီး နာရီဝက်လောက် ထပ်ပြီးတည်ထားလိုက်ပါ။ ပွက်ပွက်ဆူနေတဲ့ပါဝင်ပစ္စည်းတွေက ညိုလာပြီး ပျစ်ပျစ်လေးဖြစ်လာပြီဆိုရင် မီးဖိုပေါ်ကချပြီး အအေးခံထားပေးပါ။

ပြီးရင် ဂျိုင်းကြားအသားအရေကို ရေသေချာဆေးပြီး ခြောက်အောင်သုတ်လိုက်ပါ။ ပြီးရင် Baby Powder လိမ်းပေးလိုက်ပါ။ အဲဒီနောက် စောစောက ကျိုထားတဲ့ အရည်ကို ဂျိုင်းအောက်မှာ လိမ်းပေးလိုက်ပြီး Waxing Paperနဲ့ ခဏကပ်ထားပါ။

ပြီးရင်တော့ Waxing Paperကို  ခဏကလိမ်းထားတဲ့ပုံစံနဲ့ ဆန့်ကျင်ဘက်ခွာချပေးရပါမယ်။ (အောက်ကနေ အပေါ်သို့ လိမ်းထားရင် ပြန်ခွါတဲ့အချိန်ကျရင် အပေါ်ကနေ အောက်ဘက်ကို ဆွဲခွါချရမှာပဲ့ဖြစ်ပါတယ်။) မြန်မြန်လေးခွါချလိုက်ပါနော်။ မဟုတ်ရင် ဂျိုင်းမွှေးတွေ အကုန်မကျွတ်ဘဲ ကျန်ခဲ့တာမျိုး ဖြစ်တတ်ပါတယ်။

ပြီးရင် ရေသေချာပြန်ဆေးပြီး ခြောက်အောင်သုတ်လိုက်ပါ။ အဲဒီနောက် အစိုဓါတ်ထိန်းခရင်မ်တမျိုးမျိုးလိမ်းပေးပါ။ ချွင်းချက်အနေနဲ့ ဂျိုင်းအနံ့ပျောက်ဆေးတို့ Roll Onတို့ကို ၂ရက်လောက် နေပြီးမှ ပြန်လည်အသုံးပြုပေးပါနော်။

ဒီနည်းလမ်းလေးကို အသုံးပြုပြီး ခန္ဓာကိုယ်ပေါ်က တခြားအစိတ်အပိုင်းရဲ့ အမွှေးအမျှင်တွေကိုလည်း အေးဆေးဖယ်ရှားပေးနိုင်ပါတယ်နော်။