မိတ်ကပ်လိမ်းတယ်ဆိုရာမှာ အဓိကကတော့ မျက်လုံးချယ်သနည်းပါပဲနော်။ မျက်လုံးချယ်သပုံကိုပြောင်းပြီး ရုပ်ထွက်ပြောင်းသွားတယ်ဆိုတာ စာဖတ်သူတို့လည်း လက်ခံကြမယ်ထင်ပါတယ်။

ဝင့်ဝင့်ကြွားကြွား လိုင်နာဆိုးမယ်

အရင်ဆုံး မျက်လုံးထောင့်နားမှာ အချောင်းလေးတစ်ခုဆွဲလိုက်မယ်။ ပြီးရင် မျက်ခွံအပေါ်ကနေ စောစောကဆွဲထားတဲ့ မျဉ်းနဲ့ ကွက်တိ တစ်ကြောင်းထပ်ဆွဲမယ်။

အဲဒီနောက် ဒုတိယဆွဲထားတဲ့ မျဉ်းကြောင်းကနေ မျက်ခွံအတွင်းကို ထပ်ဆွဲမယ်။ ပြီးရင်တော့ အမည်းရောင်လေးတွေ လိုက်ဖြည့်မယ်။ မျက်တောင်ကော့မယ်။

မျက်ခမ်းအောက်မှာ အဖြူရောင် Shadow ဆိုးလိုက်မယ်။ မျက်တောင်ကော့မယ်။

အခြေခံမိတ်ကပ်လိမ်းနည်း

ပြစ်မျိုးမှည့်မထင် မျက်နှာပိုင်ရှင်းလေးဖြစ်ဖို့ မိတ်ကပ်ကို မုန်မုန်လေး လိမ်းချယ်တတ်ဖို့လိုပါတယ်။ အဲဒီအတွက် နှာတံစင်းစင်းလေး ဖော်မယ်။ ပါးပြင်ကို ပါးနီလေးချယ်မယ်။ အဖြူထည့်ရမယ့်နေရာတွေ ၊ အညိုရော်ငထည့်ရမယ့်နေရာတွေကို ပုံလေးမှာ ခွဲခြားပေးထားတယ်နော်။

ညှို့အားပြင်းတဲ့ မျက်ဝန်းအတွက်

အရင်ဆုံး မိတ်ကပ်ရောင်ဖောင်ဒေးရှင်းကိုလိမ်းပါ။ ပြီးရင် ငွေရောင်လက်လက်ကို ဆိုးပါ။ ပြီးရင်တော့ အမည်းရောင်ရှဲဒိုးကို C ပုံစံ ဆိုးပါ။ လိုင်နာဆွဲပါ။ ပြီးရင် အဲဒီအမည်းရောင်ရှဲဒိုးကို ဖွဖွလေး ပြန်ဖြည်ပါ။

Liner ခပ်ကြီးကြီးလေး ဆိုးမယ်

အမည်းရောင် ခပ်ကြီးကြီး လိုင်နာဆိုးမယ်ဆိုရင် အမည်းရောင် လိုင်နာအလုံးခပ်ကြီးကြီးကိုယူပါ။ ပြီးရင် မျက်ခွံအပေါ်ကနေ အစွံနားထိ ပင့်ဆွဲပါ။ ပြီးရင် အစွန်ဆုံးကနေ မျက်ခွံအတွင်းနားထိ ထပ်ဆွဲပါ။ အဲဒီနောက် လိုင်နာတွေ လိုက်ဖြည့်ပါ။

ပြီးရင်အောက်မျက်ခမ်းမှာ လိုင်နာဆိုးပါ။ အရောင်လက်လက်လေးဖြစ်ချင်ရင်တော့ Shadow အရောင်လက်လက်လေးထည့်ပါ။ ပြီးရင် မျက်တောင်ကော့လိုက်ပါ။