လူတိုင်း ကိုယ့်အလုပ်ကိစ္စကိုယ်ဆီနဲ့ အပြင်သွားလာလှုပ်ရှားနေကြတာမို့ အမြဲလိုလိုတော့ အပြင်ထွက်လေ့ရှိကြပါတယ်။ အဲဒီလိုအပြင်ထွက်ကြတဲ့အခါမှာ ဖက်ရှင်စတိုင်လ်အမျိးမျိုး ဝတ်ဆင်ကြလေ့ရှိပါတယ်။

၁။ နောက်ဆုံးပေါ် ဖက်ရှင်ဒီဇိုင်းတွေကိုပဲ တွဲဖက်ပြီးဝတ်ဆင်တာဟာ သင့်ကိုပိုပြီးအသက်ကြီးသလို ထင်ရစေပါတယ်။ တခါတလေလည်း နောက်ဆုံးပေါ် ဘောင်းဘီပွပွအစား Skinny Jean ကို ဝတ်ဆင်သင့်ပါတယ်။ သင့်အနေနဲ့ သင့်ခန္ဓာကိုယ်နဲ့ Fitting ကျတဲ့ အဝတ်အစားတွေကို ဝတ်ဆင်သင့်ပါတယ်။

သင့်ကို ရုပ်ရင့်တယ်လို့ ထင်ရစေတဲ့ သင်ရွေးချယ်မိတဲ့ ဖက်ရှင် နဲ့ မိတ်ကပ်စတိုင်လ် အမှားတွေ

၂။ Accessory တွေနဲ့ ဆွဲဖက်ပြီးဝတ်ဆင်ပေးတာဟာ သင့်ကိုပိုပြီးနုပျိုစေပါတယ်။ အပေါ်အောက် အရောင်တစ်မျိုးထဲဝတ်ဆင်တာထက် လိုက်ဖက်တဲ့အရောင်လေးတွေနဲ့ Accessory ပစ္စည်းတွေတွဲဖက်ဝတ်ဆင်တာဟာ သင့်ကိုပိုပြီး ဖက်ရှင်ကျလှပစေမှာဖြစ်သလို ပိုပြီးလည်းဆွဲဆောင်မှုရှိစေပါတယ်။

၃။ ဂါဝန်ကို တီရှပ်နဲ့ဝတ်ပေးမယ့်အစား ချစ်စရာကောင်းတဲ့ဂါဝန်လှလှလေးနဲ့ ခါးပတ်ကိုတွဲပြီးဝတ်ဆင်ပေးတာဟာ သင့်ကိုပိုပြီး ရှိရင်းရှိအသက်ထက် နုပျိုစေပါတယ်။

၄။ ခေါင်းလောင်းဘောင်းဘီလိုပုံစံမျိုးကို ဝတ်ဆင်မယ့်အစား ဘောင်းဘီကိုခေါက်ပြီးဝတ်တာဖြစ်ဖြစ်၊ ဘောင်းဘီကြပ်ကြပ်တိုတို ဝတ်ဆင်ပေးတာပဲဖြစ်ဖြစ် လုပ်ပေးသင့်ပါတယ်။

၅။ လူငယ်ပုံစံ ကာလာစုံဝတ်စားတာထက် ရိုးရိုးရှင်းရှင်းနဲ့ သင့်ကိုပိုပြီးကြည့်ကောင်းစေမယ့် ဖက်ရှင်မျိုးကို ဝတ်ပေးတာဟာ စတိုင်လ်ပိုကျစေပါတယ်။

၆။ မျက်မှန်ကိုရွေးချယ်တပ်ဆင်တဲ့အခါမှာ သင့်ကိုပိုပြီး အိုမင်းစေတဲ့ လေးထောင့်ဆန်ဆန်မျက်မှန်အစား အဝိုင်းနည်းနည်းပါတဲ့ မျက်မှန်ကို တပ်ဆင်ပေးပါ။

၇။ ဆံပင်တိုတိုထားပေးကြည့်ပါ။ ဆံပင်တိုတိုထားပေးတာဟာ သင့်စိတ်ခံစားချက်ကိုပြောင်းစေပြီး သင့်ကိုပိုပြီး နုပျိုတောက်ပစေမှာဖြစ်ပါတယ်။

၈။ ပါးနီကို နည်းမှန်လမ်းမှန်နဲ့ နေရာတကျအသုံးပြုပေးပါ။ ပါးနားတစ်ဝိုက်မှာပဲ ပါးနီစုပြီးလိမ်းပေးမယ့်အစား ပါးရိုးနဲ့ နားရွက်ထောင့်နားပို ပါးပါးလေးဆွဲလိမ်းပေးသင့်ပါတယ်။

၉။ နှုတ်ခမ်းနီကို အခုခေတ်ပေါ်နေတဲ့ အရောင်ရင့်ရင့်တွေအစား အရောင်နုနုပြောင်းဆိုးပေးတာဟာ သင့်အသက်အရွယ်ကို ပိုပြီးနုပျိုစေမှာဖြစ်ပါတယ်။

၁၀။ ပြုံးလိုက်ပါ။ ပြုံးတာဟာ သင့်ကိုပိုပြီး နုပျိုစေပါတယ်။