အားကစားလုပ်တာဟာ လူကို ဖျတ်လတ်ပေါ့ပါးစေတယ်ဆိုပေမယ့် တစ်ခါတစ်လေမှာ Gym ရောက်ပြီး ဘယ်အလေးမှ ကောက်မ, မချင်တဲ့ စိတ်တွေလည်း ဖြစ်တတ်ပါတယ်။ Gym မကစားချင်လောက်အောင် Motivation ကျနေတယ်ဆိုရင် ဒီနည်းလမ်းလေးတွေ လိုက်နာကြည့်သင့်ပါတယ်။

(၁) ဘယ်လောက်တိုးတက်သလဲ ပြန်ကြည့်ပါ

Gym ကစားချိန်မှာ စိတ်ပါလက်ပါ ဖြစ်လာစေဖို့က ကိုယ်အားကစားလုပ်ထားတာ ဘယ်လောက်တိုးတက်မှုရှိသလဲ ပြန်ကြည့်ဖို့ ဖြစ်ပါတယ်။ တကယ်လို့ ကိုယ်က ဝိတ်ချနေတယ်ဆိုရင် တစ်ပတ်မှာ တစ်ကြိမ် ဝိတ်ချိန်ကြည့်ပါ။

လက်မောင်းလုံးပတ် နဲ့ ဗိုက်ပါ ပေကြိုးနဲ့ တိုင်းကြည့်သင့်ပါတယ်။ Fitness app တွေ သုံးတာကလည်း အားကစားလုပ်ချင်စိတ် ပိုဖြစ်စေနိုင်ပါတယ်။

(၂) Gym Goal လေးတွေ ချပြီး ကစားပါ

တစ်လကို ဝိတ်ဘယ်လောက် ချမယ် ၊ ၄ လအတွင်း 6 pack ရအောင် ကစားမယ် စသည်ဖြင့် ဖြစ်နိုင်တဲ့ ရည်မှန်းချက်လေးတွေ ချပြီး နေ့တိုင်းမှာ ကိုယ်ရည်မှန်းထားတဲ့ Gym Goal ဆီ ရောက်အောင် ကစားသင့်ပါတယ်။

နေ့တိုင်းမှာ ကိုယ်သွားမယ့် ပန်းတိုင်လေးတွေ ရှိထားတော့ အားကစားလုပ်ရတာ ပိုပြီးလည်း အားရှိပါတယ်။

(၃) Gym မှာ နားထောင်မယ့် သီချင်းလေးတွေ စုစည်းထားပါ

ဒီအတိုင်း ငြိမ်ငြိမ်ကြီး Gym ကစားတာဟာ ပျင်းစရာကောင်းပါတယ်။ Gym မှာ ကိုယ်အကြိုက်ဆုံး Hits သီချင်းလေးတွေကို ဖုန်းမှာ Playlist လုပ်ထည့်သွားပြီး Wireless Earbud လေးနဲ့ နားထောင်သင့်ပါတယ်။ သီချင်းလေး နားထောင်ရင်း အားကစားလုပ်ရတော့ စိတ်ကလည်း ပင်ပန်းသက်သာတယ် ခံစားရမှာပါ။

(၄) အပြောင်းအလဲနဲ့ ကစားပေးပါ

တစ်ရက်ပြီးတစ်ရက် ဒီကစားနည်းချည်းပဲ ကစားသွားမယ်ဆိုရင် Motivation ဖြစ်ဖို့ မလွယ်ပါဘူး။ အပြောင်းအလဲလေးနဲ့ Workout လုပ်ပေးတာက အားကစားလုပ်တာကိုလည်း ပိုစိတ်ဝင်စားဖြစ်သလို ပိုပြီးလည်း ထိရောက်မှု ရှိပါတယ်။

(၅) ကစားဖော်ထားပါ

Gym သွားတယ် ၊ အားကစားလုပ်တယ်ဆိုတာ တစ်ယောက်တည်းဆိုရင် စိတ်ထဲ ကြောင်ပါတယ်။ အဖော်လေးရှိတော့ Gym ကစားရတာ ပိုပြီး စိတ်အားထက်သန်သလို တော်ရုံနဲ့လည်း Gym ရုံမသွားဖြစ်တာမျိုးတွေ ရှိမှာမဟုတ်ပါဘူး။