ဘဝမှာ အချစ်ဆုံးသူငယ်ချင်း Bff တွေရှိတာလည်း အရမ်းကံကောင်းပါတယ်။ ဒီလိုသူငယ်ချင်းတွေကို တန်ဖိုးထားသင့်တယ်နော်။ တကယ်လို့ သင့်မှာ အချစ်ဆုံးသူငယ်ချင်းတွေရှိတယ်ဆိုရင် သူတို့နဲ့ ပျော်စရာကောင်းတဲ့ အမှတ်တရတွေ ဖန်တီးဖို့ ဒီအချက် (၁၀) ချက်ကို လုပ်ကြည့်လိုက်ပါ။

ခရီးသွားပါ။

ကိုယ့်အချစ်ဆုံးသူငယ်ချင်းတွေနဲ့ သီးသန့် ခရီးသွားပြီး ပျော်စရာအမှတ်တရတွေ ဖန်တီးလိုက်ပါ။ ကမ်းခြေခရီးဆိုရင်တော့ အမိုက်ဆုံးနဲ့ ပျော်စရာအကောင်းဆုံးပါပဲ။

ပြည်ပခရီးသွားပါ။

ကိုယ့်နိုင်ငံထဲမှာပဲ အချစ်ဆုံးသူငယ်ချင်းတွေနဲ့ ခရီးသွားဖူးပြီးပြီဆိုရင်တော့ ပိုက်ဆံစုပြီး ပြည်ပခရီးစဉ်တစ်ခုလောက်တော့ သွားကြည့်ပါ။ ပြည်တွင်းနဲ့ ပြည်ပ ခရီးသွားရတဲ့အရသာက မတူတဲ့အတွက် Bff လေးတွေ စုသွားကြည့်လိုက်ပါ။

အိမ်မှာမုန့်လုပ်စားပါ။

အချစ်ဆုံးသူငယ်ချင်းတွေနဲ့ City Mart သွား ပစ္စည်းတွေဝယ်ကြပြီး၊ အိမ်မှာ မုန့်တွေအများကြီးလုပ်စားတာဟာ အရမ်းပျော်စရာကောင်းပါတယ်။

Volunteer လုပ်ပါ။

အချစ်ဆုံးသူငယ်ချင်းတွေစုပြီး Volunteer လုပ်ကြည့်ပါ။ ပျော်စရာကောင်းသလို၊ ကုသိုလ်လည်းရ၊ စိတ်လည်းချမ်းသာစေပါတယ်။ လူငယ်လေးတွေဆို ပိုလုပ်သင့်တယ်နော်။

ရှိုးပွဲသွားပါ။

Festival ပွဲတွေ၊ ရှိုးပွဲတွေကို အချစ်ဆုံးသူငယ်ချင်းတွေချည်းပဲစုပြီး သီးသန့်သွားကဲကြည့်ပါ။ အရမ်းပျော်စရာကောင်းပါတယ်။

အိမ်မှာရုပ်ရှင်ကြည့်ပါ။

ရုပ်ရှင်ရုံသွားပြီးကြည့်တာထက်စာရင် သရဲကား၊ ဟာသကား၊ ကာတွန်းကား၊ သဲထိတ်ရင်ဖိုကား စတာတွေကို အိမ်မှာ သူငယ်ချင်းတွေစုပြီး ကြည့်ကြည့်ပါ။ ရုပ်ရှင်ကြည့်ရင်း မုန့်စားလိုက်၊ စကားပြောလိုက်ဆိုတော့ လွတ်လွတ်လပ်လပ်နဲ့ အရမ်းမိုက်တယ်နော်။

Camping လုပ်ကြည့်ပါ။

အချစ်ဆုံးသူငယ်ချင်းတွေ Bff တွေစုပြီး အေးချမ်းတဲ့နေရာလေးမှာပဲဖြစ်ဖြစ်၊ ရာသီဥတုကောင်းတဲ့အချိန်လေးမှာ Camping လုပ်ကြည့်ပါ။ ခရီးထွက်ရတဲ့အရသာနဲ့တောင် မတူဘူးနော်။

ဂီတာတီး၊ သီချင်းဆိုပါ။

ကိုယ့်အချစ်ဆုံးသူငယ်ချင်းတွေနဲ့ ကာရာအိုကေဆိုင်သွားပြီး သီချင်းသွားဆိုတာမျိုး၊ ခရီးသွားရင် ဂီတာလေးထည့်သွားပြီး ဂီတာတီးသီချင်းဆိုတာမျိုး၊ ကမ်းခြေမှာ မီးပုံပွဲလေးလုပ်ပြီး ဂီတာတီးသီချင်းဆိုတာမျိုးတွေ လုပ်ကြည့်ပါ။

ရေကူးကန်မှာရေတူတူကူးပါ။

Bff လေးတွေစုပြီး ရေကူးကန်မှာ ရေတူတူကူးကြည့်ပါ။ ရေကူးရတာကြိုက်တဲ့သူတွေအတွက်ဆိုရင်တော့ အရမ်းပျော်စရာကောင်းမှာသေချာပါတယ်။ ရေကူပြီးရင် တူတူအပန်းဖြေကြပေါ့။

ဓာတ်ပုံတူတူရိုက်ပါ။

ပုံမှန်ဆိုရင်တော့ သူငယ်ချင်းတွေနဲ့ အပြင်သွားရုံနဲ့တင် ဖုန်းလေးနဲ့ ဓာတ်ပုံရိုက်နေကြတာပါပဲ။ ဒီလိုမဟုတ်ပဲ သေချာ Friendship Goals လေးတွေ တစ်ခါတော့ ရိုက်ကြည့်ပါ။ အမှတ်တရလည်းဖြစ်စေသလို၊ ဓာတ်ပုံလေးတွေကလည်း အမှတ်တရအဖြစ်နဲ့ အမြဲရှိနေမှာပါ။

Photo Source: www.pinterest.com