စိတ်ဖိစီးမှုများတာတွေ စိတ်ညစ်စရာတွေက ခန္ဓာကိုယ်အတွက် လုံးဝမကောင်းပါဘူး။ ကြောက်ရွံ့မှုတွေ၊ စိုးရိမ်သောကတွေများနေလို့ ဘာမှကောင်းကျိုးတွေ ဖြစ်လာမှာမဟုတ်ပါဘူးဆိုတာ သတိပြုပါနော်။ ခေါင်းအေးအေးထားပြီး ဖြစ်လာတဲ့အကြောင်းအရာတွေကို သေချာဖြေရှင်းနည်းရှာပြီး ရင်ဆိုင်ဖြေရှင်းနိုင်မှသာ သင်ကြုံနေရတဲ့ အခက်ခဲတွေက အဆင်ပြေသွားမှာပါ။

ဒါကြောင့် စိတ်ဖိစီးမှုများတဲ့အချိန်မှာ သင့်ခန္ဓာကိုယ်ကို ဘယ်လိုထိခိုက်မှုတွေ ဘယ်လိုအန္တရာယ်တွေဖြစ်စေတတ်သလဲဆိုတာကိုလည်း သိထားသင့်တဲ့အတွက် ဒီအကြောင်းအရာလေးကို မျှဝေပေးလိုက်ပါတယ်နော်။

ဝိတ်ပိုတက်လာတယ်

စိတ်ဖိစီးမှုများတဲ့အချိန် ခန္ဓာကိုယ်က တာဝန်တွေကို ကောင်းကောင်းမလုပ်ဆောင်နိုင်တော့ပါဘူး။ ဒီအချိန်မှာ ဝိတ်ပိုတက်လာပါတယ်။ ဒါကြောင့် သင်က ဝိတ်ချနေတဲ့သူတစ်ယောက်ဆိုရင် စိတ်ဖိစီးမှုလျှော့ချပေးပါ။

သွေးဖိအားတက်နိုင်တယ်

စိတ်ဖိစီးမှုများတဲ့အချိန် နှလုံးက လုပ်ငန်းဆောင်တာတွေကို မြန်မြန်လုပ်ဆောင်ရပါတယ်။ စိတ်ပူတာတွေများတဲ့အချိန် သွေးတိုးလာပါတယ်။ ဒါကြောင့် စိတ်အေးအေးထားပါ။

နှလုံးရောဂါဖြစ်ပွားနိုင်ချေများနိုင်တယ်

အပေါ်မှာ ပြောခဲ့တဲ့အတိုင်း နှလုံးက အလုပ်ပိုလုပ်ရတာကြောင့် နှလုံးရောဂါဖြစ်ပွားနိုင်ချေပိုများပါတယ်။ ယောဂကျင့်တာ၊ ပြေးတာနဲ့ လေ့ကျင့်ခန်းလုပ်ပေးတာတွေက နှလုံးရောဂါကာကွယ်ရာရောက်ပါတယ်။

ခေါင်းကိုက်လာတတ်တယ်

စိတ်ပူတာတွေ များလာတဲ့အခါ ခေါင်းရှုပ်လာပါလိမ့်မယ်။ ဦးနှောက်က အလွန်အကျွံအလုပ်လုပ်ရတာမို့ ခေါင်းကိုက်လာပါလိမ့်မယ်။

စိတ်ဓာတ်ကျလာတယ်

စိတ်ဖိစီးမှုတွေ စုပေါင်းလာတဲ့အခါ စိတ်ဓာတ်ကျတဲ့အထိ ဖြစ်လာပါလိမ့်မယ်။

ရောဂါ အလွယ်တကူ ဝင်နိုင်တယ်

စိတ်ဖိစီးတဲ့အခါ ခန္ဓာကိုယ်က အလုပ်ပိုလုပ်ရတာမို့ ပင်ပန်းလာပါလိမ့်မယ်။ ဒါကြောင့် ပြင်ပကူးစက်ရောဂါတွေ အလွယ်တကူဝင်ရောက်နိုင်ပါတယ်။ စိတ်ပူတတ်တာက မှန်ပါတယ်။ ဒါပေမဲ့ ခေါင်းအေးအေးထားပြီး ဖြေရှင်းနည်းရှာမှ အဖြေထွက်မှာပါ။