ကျွန်မတို့အားလုံး တစ်နေ့ကို သွားအနည်းဆုံး ၂ ကြိမ်လောက်တော့ တိုက်မယ်ထင်ပါတယ်။ သွားကျန်းမာရေးဟာလည်း သိပ်ကိုအရေးပါတာမို့ သွားကျန်းမာရေးနဲ့ပတ်သက်လို့ သင်လုပ်မိတတ်တဲ့အမှားတချို့ကို မျှဝေပေးချင်ပါတယ်။

သွားတိုက်တဲ့အခါ ခပ်ကြမ်းကြမ်းတိုက်ခြင်း

သွားတိုက်တဲ့အခါ သွားပွတ်တံကို ခပ်ကြမ်းကြမ်းတိုက်ပေးရင် သွားတိုက်တံမှာရှိတဲ့ အမွှေးတွေဟာ သွားကြားလေးတွေထဲထိမရောက်သလို သွားဖုံးကိုလည်း ထိခိုက်စေပါတယ်။

သင်စားမယ့်အစားအစာကို ဂရုမစိုက်ခြင်း

အချိုတွေအရမ်းစားတာဟာ သင့်ရဲ့သွားကိုထိခိုက်ပျက်စီးစေပြီး သွားပိုးစားစေပါတယ်။ ဒါ့ကြောင့် သွားကျန်းမာချင်တယ်ဆိုရင်တော့ အချိုတွေ များများစားတာကိုရှောင်ဖို့လိုပါတယ်။ တကယ်လို့ စားပြီးရင်လည်း ပလုတ်ကျင်းပေးတာမျိုးလုပ်ပေးသင့်ပါတယ်။

သွားတွေကို သန့်ရှင်းရေးလုပ်ပေးတဲ့ တခြားကိရိယာတွေအသုံးမပြုခြင်း

သွားတွေကို သန့်ရှင်းရေးလုပ်ပေးတဲ့ တခြားကိရိယာတွေကို အသုံးပြုလွန်းတာကလည်း မကောင်းသလို၊ လုံးဝအသုံးမပြုတာလည်းမကောင်းပါဘူး။ သွားကြားလေးတွေထဲထိ သန့်ရှင်းရေးလုပ်ပေးတဲ့ ကိရိယာတွေ၊ လျှာကို သန့်ရှင်းရေးုလုပ်ပေးတဲ့ ကိရိယာတွေ သုံးပေးသင့်ပါတယ်။

သွားဖုံးကို ဂရုမစိုက်ခြင်း

သွားကျန်းမာရေးကိုသာမ သွားဖုံးကျန်းမာရေးကိုပါ ဂရုစိုက်ဖို့လိုအပ်ပါတယ်။ သွားတိုက်တံ (သို့) လက်နဲ့ သွားဖုံးတွေကို အနည်းငယ်နှိပ်ပေးဖို့လိုအပ်ပါတယ်။ ပီကေဝါးတာမျိုး၊ ပလုတ်ကျင်းပေးတာမျိုးလုပ်နိုင်ပါတယ်။

သွားကျိုး (ဂျိုး) တွေကို မဖယ်ရှားခြင်း

သွားနဲ့ပတ်သက်လို့ သင်အမြဲလုပ်မိတဲ့အမှားလေးတွေ

သွားဂျိုးတွေကို ဖယ်ရှားပေးသင့်ပါတယ်။ မဟုတ်ရင် သွားဂျိုးကနေ သွားကျောက်တည်တာထိ ဖြစ်လာစေလို့ သွားအတွက်မကောင်းပါဘူး။

သွားတစ်ဖက်တည်းနဲ့ ဝါးခြင်း

အစာစားတဲ့အခါ အမြဲတမ်းတစ်ဖက်တည်းဝါးတာမျိုးတာ အဲဒီတစ်ဖက်တည်းကိုပဲ ကြွက်သားတွေဖြစ်စေပြီး သွားကိုက်တာအပါအဝင် အကြာအာရုံဆိုင်ရာ ပြဿနာဖြစ်နိုင်ပါတယ်။