စိတ်ကျရောဂါကို လူတိုင်း ခံစားဖူးကြမှာပါ။ စိတ်ကျဝေဒနာဆိုတာ သင့်ရဲ့ ဘဝမှာ မကြာခဏဆိုသလို ကြုံတွေ့ရတဲ့ ပြဿနာတစ်ခုပါပဲ။ အိပ်ရေးမဝလို့ပဲဖြစ်ဖြစ်၊ အစာစားချိန်မမှန်လို့ပဲဖြစ်ဖြစ်၊ မလုပ်ကြောင့်၊ ချစ်သူကြောင့် စသဖြင့် စိတ်ကျဝေဒနာ ခံစားရတဲ့ အကြောင်းရင်းတွေအများကြီးရှိပါတယ်။ တခါတလေ မျှော်လင့်ချက်မဲ့သလို၊ လောကကြီးက အဓိပ္ပာယ်မရှိတော့သလို ခံစားရတာမျိုးလည်းဖြစ်တတ်ပါတယ်။

စိတ်ကျရောဂါဖြစ်ရတဲ့ အကြောင်းရင်းနဲ့ ကုစားနည်းတွေကို မျှဝေပေးလိုက်ပါတယ်။

၁။ ကျန်းမာရေးကြောင့်

ကျန်းမာရေးမကောင်းတာကြောင့်လည်း စိတ်ကျဝေဒနာ ခံစားရတတ်ပါတယ်။ ဖျားနာတဲ့အခါလောကကြီးကို အကောင်းဖက်က တွေးဖို့ ခက်ပြီး အားငယ်စိတ်တွေဝင်တတ်ပါတယ်။ ဒါ့ကြောင့် ကျန်းမာရေးကို နံပါတ်တစ်အနေနဲ့ ဂရုစိုက်ပေးဖို့လိုအပ်ပါတယ်။ ဖျားနာရင်လည်း အမြန်ဆုံးကုသလိုက်ပါ။ ကျန်းမာအောင်နေပါ။

၂။ စိဖိစီးမှုများခြင်း

အချစ်ရေး၊ ငွေရေးကြေးရေး ပြဿနာတွေကြောင့် စိတ်ဖိစီးမှုများရသလို အိပ်ရေးမဝခြင်း၊ အလုပ်များတာတွေကြောင့်လည်း စိတ်ဖိစီးမှု များရပါတယ်။ ဒါ့ကြောင့် No လို့ ငြင်းရမှာမကြောင့်ပါနဲ့။ သင့်ရဲ့အချိန်ဇယားတွေကို သေချာစီမံပါ။

၃။ ဘဝအပြောင်းအလဲကြောင့်

ဘဝမှာ ကြီးကြီးမားမား ပြောင်းလဲသွားတဲ့ အပြောင်းအလဲတစ်ခု (ဥပမာ – မိသားစုဝင်တစ်ဦးဦး ဆုံးရှုံးရခြင်း၊ အလုပ်ထွက်လိုက်ရခြင်း) တွေကြောင့် စိတ်ဖိစီးမှု များတတ်ပါတယ်။ အချိန်ယူပါ။ မိတ်ဆွေ သူငယ်ချင်းတွေရဲ့ အကူအညီယူပါ။

၄။ ငွေရေးကြေးရေး ပြဿနာ

ငွေရေးကြေးရေး ပြဿနာကြောင့်လည်း စိတ်ကျရောဂါဖြစ်စေပါတယ်။ ဒါ့ကြောင့် ငွေကို ကြိုပြီး စုထားတဲ့အကျင့်ကို ပျိုးထောင်ထားပါ။

၅။ အိပ်ရေး၀၀မအိပ်ခြင်း

အိပ်ရေး၀၀ မအိပ်တာကလည်း စိတ်ကျဝေဒနာဖြစ်စေပါတယ်။ ခဏခဏ မေ့တတ်တာနဲ့ တခြားကျန်းမာရေး ပြဿနာတွေဖြစ်စေလို့ အိပ်ရေး၀၀အိပ်ပေးပါ။

၆။ အလုပ်ထွက်ခြင်း (သို့) အလုပ်ပြုတ်ခြင်း

အလုပ်ကနေလည်းထွက်လာပြီး အလုပ်သစ်မရသေးရင် စိတ်ဖိစီးမှုများပြီး စိတ်ကျဝေဒနာခံစားရတတ်ပါတယ်။ အဲဒီအချိန်အတွင်းမှာ ကိုယ့်ဘဝအတွက် ပိုပြီး တိုးတက်စေမယ့် သင်တန်းတွေတက်ပါ။ သင့်ရဲ့ စိတ်တွေကို အကောင်းဆုံးပြင်ဆင်ပါ။