ကျွန်မတို့ ကလေးတွေကို စကားတွေအများကြီးပြောကြပါတယ်။ ကိုယ်နေ့စဉ်ပြောတဲ့စကားတွေထဲမှာ အခုဖော်ပြမယ့် စကားတွေပါမယ်လို့ ယုံကြည်မိပါတယ်။ မိဘဆိုတာ ကလေးတွေရဲ့ လက်ဦးဆရာပါ။ မိဘတွေရဲ့ ပြောဆို ဆုံးမပုံဟာ သိပ်ကိုအရေးကြီးပါတယ်။ ကလေးတွေကို ပိုပြီး တိုးတက်စေတဲ့ သူတို့ကို ပိုပြီး ပျော်ရွှင်စေတဲ့ စကားတွေကို မျှဝေပေးချင်ပါတယ်။

၁။ တော်လိုက်တာ

ကလေးတစ်ယောက် တစ်ခုခုကို သူတို့ကိုယ်တိုင်လုပ်နိုင်တဲ့အခါ တော်လိုက်တာ ဆိုတဲ့ စကားကို ပြောပေးပါ။ ဒီလို ပြောပေးတာဟာ ကလေးတွေရဲ့ စွမ်းဆောင်ရည်ကို ပိုပြီးတိုးတက်ကောင်းမွန်စေသလို၊ ပိုပြီးပျော်ရွှင်စေပါတယ်။

၂။ မေးခွန်မေးပါ

သမီး၊ သားလေးကော ဘယ်လိုခံစားရလဲ။ ဒီနေ့ကျောင်းမှာဘယ်လိုနေလဲ။ ဆိုတဲ့ စိတ်ခံစားချက်နဲ့ ဆိုင်တဲ့ မေးခွန်းတွေကို မေးပေးတာဟာ မိဘတွေနဲ့ ကလေးငယ်ကြား ပိုမိုရင်းနှီးမှုကိုရစေမှာဖြစ်ပြီး သူတို့လေးတွေရဲ့ တွေးခေါ်မျှော်မြင်နိုင်မှုကိုလည်း လှုံ့ဆော်ပေးရာရောက်ပါတယ်။

၃။ စိတ်မပူနဲ့ နောက်တခါကြိုးစားကြမယ်

အဆင်ပြေပါတယ်။ နောက်တခါထပ်လုပ်ကြည့်ပါ။ သားကို မေမေယုံတယ်ဆိုတဲ့ စကားတွေကို ပြောပေးပါ။ လူတိုင်းအမှားလုပ်မိတတ်ကြပြီး လူတိုင်းအမှားနဲ့မကင်းပါဘူး။ ဒါ့ကြောင့် ကလေးတွေအမှားလုပ်မိတဲ့အခါ အပြစ်တင်မစောပါနဲ့။

၄။ သူတို့ရဲ့ စွမ်းအင်ကို မြင့်တင်ပေးပါ

ကလေးကို စကားပြောတဲ့အခါ အရင်က သူအောင်မြင်အောင်လုပ်နိုင်ခဲ့တဲ့ အရာကို ပြန်သတိရသွားအောင်ပြောပေးပါ။

၅။ ကလေးကို ရွေးချယ်မှုမှန်ကန်အောင်ပြောပါ

ကလေးကို သူတို့ဆန္ဒအပေါ် ဦးစားပေးပြီးလုပ်ခိုင်းလိုက်ပါ။ သူတို့စိတ်ဝင်စားတာကို မြေတောင်မြောက်ပေးပါ။

၆။ အကြောက်တရားကနေ ရင်ဆိုင်နိုင်အောင်ပြောပါ

သင့်ကလေးရဲ့ အနာဂတ်အတွက် နေ့တိုင်းပြောပေးသင့်တဲ့စကားတွေ

ဒီအချက်က သိပ်ကိုအရေးကြီးပါတယ်။ လူတိုင်း မိမိကြောက်ရွံ့တဲ့အရာတေါရှိကြပါတယ်။ အဲဒီကြောက်ရွံ့မှုကို အနိုင်ယူနိုင်အောင် ပြောပေးပါ။ကိုယ့်တုန်းကလည်း ဘယ်လိုဖြတ်ကျော်ခဲ့ကြောင်း ပြောပါ။

၇။ ကလေးတွေရဲ့ခံစားချက်ကို အသိအမှတ်ပြုပါ

သူတို့ဝမ်နည်းငယ်တဲ့အခါ၊ မကျေမနပ်ဖြစ်တဲ့အခါ ဥပေက္ခာမပြုဘဲ သူတို့ရဲ့ ခံစားချက်ကို အသိအမှတ်ပြုတဲ့ စကားပြောပေးပါ။

၈။ ကလေးကို ဘယ်လောက်လေးစားကြောင်းပြသပါ

ကလေးဆိုတာ လူကြီးမိဘတွေကိုကြည့်ပြီး သင်ယူကြတာပါ။ အမှားလုပ်မိတဲ့အခါ တောင်းပန်ပြီး ခွင့်လွှတ်ပေးဖို့ ပြောပါ။ ကလေးပဲ ဘာသိမှာလဲဆိုပြီး မနေပါနဲ့။

၉။ တခြားသူတွေနဲ့ နှိုင်းယှဉ်မပြောပါနဲ့

တခြားသူတွေနဲ့ သင့်ကလေးကို နှိုင်းယှဉ်ပြီးပြောတာဟာ သူတို့ရဲ့မနာလိုစိတ်ကို မြင့်တင်ပေးရာရောက်ပြီး တခြားသူတွေအပေါ် မကျေနပ်စိတ်တွေ ကိန်းအောင်းသွားတတ်ပါတယ်။ နောက်ပိုင်း ကိုယ့်ကိုကိုယ် ယုံကြည်မှုမရှိတာမျိုးဖြစ်လာနိုင်ပါတယ်။

၁၀။ အရမ်းချစ်တဲ့အကြောင်းပြောပါ

သူတို့ကို သင်ဘယ်လောက်ချစ်တဲ့အကြောင်း၊ သူတို့ဟာ ဘယ်လောက်ထိချစ်ဖို့ကောင်းတဲ့အကြောင်း နေ့တိုင်းပြောပေးပါ။