၂၀၂၀ နှစ်ကြီးသာ ကုန်သွားတော့မယ် ကိုဗစ်ကြီးက မပျောက်သေးလို့ အပြင်ထွက်ချင်တိုင်း မထွက်ရသေးဘဲ အခုချိန်ထိ အိမ်တွင်း ပိတ်မိနေတုန်းပဲ လား။ ဒီလို အိမ်တွင်းအောင်းနေရတဲ့အချိန်မှာ အပျင်းပြေအောင်လို့ ရုပ်ရှင်ကြည့်လိုက်၊ သီချင်းနားထောင်လိုက်၊ အစားအစာတွေပတ်စားလိုက်နဲ့ ဘာမှလုပ်စရာမရှိတော့ဘူးဆိုရင်‌တော့ လက်သည်းနီလေးတွေကို ဆိုးကြည့်ရအောင်ပါ။

အိမ်မှာပဲလက်သည်းနီဆိုးတာက ဆိုင်တွေမှာလောက်တော့ ပစ္စည်းကိရိယာမစုံလင်ပေမယ့်လည်း ပုံစံဒီဇိုင်းတိုင်းက ဆိုးရခက်တာမဟုတ်ပါဘူးနော်။ အိမ်မှာနေရင်းနဲ့လည်း လက်သည်းနီလှလှလေးကို လွယ်လွယ်ကူကူဆိုးနိုင်မယ့် ပုံစံဒီဇိုင်းလေးတွေကို MyStyle Myanmar ရဲ့ စာဖတ်ပရိတ်သတ်ပျိုမေလေးတွေအတွက် ဝေမျှပေးမယ်နော်။