ကောင်မလေးစိတ်ဆိုးနေရင် ဘယ်လိုနေရမှန်းမသိဘူး။အနိုင်ယူတတ်တဲ့ကောင်မလေးကို အလျော့ပေးတာကလွဲပြီး စိတ်ကောက်နေတာကိုတော့ ဘယ်လိုချော့ရမှန်းမသိဘူးဖြစ်နေတယ်။ ဘယ်လိုမျိုးနည်းလမ်းလေးတွေနဲ့ကိုယ်ရဲ့ကောင်မလေးကို စိတ်ဆိုးပြေအောင်ချော့လိုရလဲဆိုတာ လျှို့ဝှက်ချက်လေးတွေပြောပြမယ်နော်။

ရည်းစားစာရေးပေးပါ

အခုခေတ်က အင်တာနက်ခေတ်ဆိုတော့ ရည်းစားစာရေးတဲ့အလေ့အထလေးတွေက ပျောက်သွားသလိုတောင်ဖြစ်နေပါပြီ။ ကောင်လေးတော်တောများများက ကောင်မလေးစိတ်ဆိုးရင် Onlineမှာပဲ စာအရှည်ကြီးပြီးပြန်ချော့တတ်ကြပါတယ်။ဒီလိုမျိုးမဟုတ်ပဲနဲ့ ရည်းစားစာဖြစ်ဖြစ် Love letter လေးတွေဖြစ်ဖြစ် ရင်ထဲထိစေတဲ့စကားတွေရေးပြီး ပို့ပေးလိုက်ပါနော်။

မထင်မှတ်ထားတဲ့ အချိန်မှာSurprise လုပ်ပါ

မထင်မှတ်ထားတဲ့အချိန်ဆိုတာက သူအလုပ်ရှုပ်နေတဲ့အချိန်မျိုးဖြစ်ဖြစ်၊ စိတ်ဆိုးနေပြီး သူကိုဂရုမစိုက်တော့ဘူးလို့အချိန်မျိုးမှာ ချော့လိုက်တာကောင်မလေးတိုင်းရဲ့ ရင်ထဲကိုထိစေတဲ့အချက်ပါနော်။ သူ့ရုံးကို ပန်းစည်းပို့ပေးတာမျိုး၊ အပင်ကြိုက်တဲ့သူဆိုရင် အပင်လေးတွေပို့ပေးတာမျိုးဖြစ်ဖြစ် Surprise လုပ်ပေးပါ။

ဟင်းချက်ကျွေးပါ

ကောင်မလေးတွေက သူတို့ကိုဟင်းချက်ကျွေးတဲ့  ကောင်လေးမျိုးဆို အရမ်းသဘောကျတတ်ကြပါတယ်။ စိတ်ဆိုးနေတဲ့အချိန်မျိုးမှာ ကောင်မလေးအကြိုက်ဆုံးဖြစ်လောက်တဲ့ အစားအသောက်တစ်ခုခု ကိုကိုယ်တိုင်ချက်ပြီး သူ့ဆီပို့ပေးလိုက်ပါ။ ဒါမှမဟုတ် စိတ်ဆိုးနေတဲ့အချိန်မျိုးမှာ တွေ့ခွင့်ရတယ်ဆိုရင်တော့ သူနဲ့အတူတူစားပါ။ ကောင်မလေးစိတ်ထဲမှာ စိတ်ဆိုးမပြေသေးရင်တောင် သင့်ကိုတော့အမှတ်၁ မှတ်ပိုပေးနေလောက်ပြီနော်။

Photo Source – Love.com