Bff တွေဆိုတာ ဆိုးတူကောင်းဖက်၊ ကိုယ့်ရဲ့  Bright side/Dark side တွေ အားလုံးကို သိသိကြီးနဲ့ ဆက်ချစ်ပေးနိုင်မယ့် ကမ္ဘာ့အရှားပါးဆုံး Creature တွေပါပဲ။ အဲ့လို Best friend ကနေတဆင့် မေတ္တာသက်ဝင်ပြီး ချစ်သူအဖြစ်သာ ဆက်လက်တွဲနိုင်မယ်ဆိုရင် ဘဝအတွက်လက်တွဲဖော်ကောင်းတွေဖြစ်လာကြဖို့ဆိုတာ အတော်လေးဖြစ်နိုင်ခြေများပါတယ်။

ဒါပေမဲ့ ချစ်ရတဲ့သူငယ်ချင်းလေးရဲ့ Friend zone ထဲမှာ ပိတ်မိနေပြီလား? ကိုယ်နဲ့ထပ်တူမခံစားမှာကို ကြောက်တဲ့စိတ်နဲ့ အနားမှာ အရိပ်တကြည့်ကြည့်လေး နေနေရတယ်ဆိုရင် ဒီဆောင်းပါးလေးကို ကိုယ်ချစ်ရတဲ့ အသည်းတစ်ခြမ်းလေးမြင်အောင် Share ဖို့ ရယ်ဒီလုပ်ထားလိုက်တော့နော်။ ဘာလို့ဆို ဒီဆောင်းပါးလေးမှာ Bff တွေကနေ ချစ်သူဖြစ်လာမယ့် RS တွေသာ ပိုင်ဆိုင်နိုင်မယ့် ကံကောင်းခြင်းတွေကို ပြောပြတော့မှာပဲ ဖြစ်ပါတယ်။

(၁) ကိုယ့်စိတ်ခံစားချက်ကို ခရေစေ့တွင်းကျ နားလည်ပေးတတ်တယ်

RS တစ်ခုမှာ အရေးကြီးဆုံးအချက်ဖြစ်တဲ့ နားလည်မှုကို 100 % လောက်ထိရဖို့ အသေချာပါပဲ။ ဘာလို့ဆို အစကတည်းက ရင်ဘတ်ချင်းနီးစပ်လို့၊ တစ်ယောက်နဲ့ တစ်ယောက်ခံစားနားလည်ပေးတတ်လို့ Bff တွေဖြစ်လာကြတာပဲ မဟုတ်လား။ ကိုယ့်ရဲ့ကောင်းခြင်း/ဆိုးခြင်းတွေပါသိထားပြီး ကိုယ့်ရဲ့အတွင်းစိတ်ကို သိနားလည်ပေးနိုင်တဲ့ ချစ်သူရထားတာလောက် စိတ်လုံခြုံရတဲ့အရာ ရှိဦးမလား။

(၂) ရိုမီယို၊ ဂျူးလိယက်အဖြစ်မျိုး ဘယ်တော့မှကြုံစရာမရှိပါဘူး

နှစ်တွေအများကြီး တစ်ယောက်အိမ် တစ်ယောက်ဝင်ထွက်နေတဲ့ Bff တွေမလို့ နှစ်ဖက်မိသားစုဘက်က သဘောတူပါ့မလားဆိုပြီး တွေးပူနေစရာမလိုမှာ အသေချာပါပဲ။ သင့်ရဲ့ အချစ်ဆုံးသူငယ်ချင်းအဖြစ်တောင် လက်ခံပေးထားတာဆိုတော့ နောက်တစ်ဆင့်အတွက်လဲ ငြင်းဆိုနိုင်ခြေလုံးဝမရှိတော့ လက်ထပ်ဖို့ထိ ပန်းခင်းလမ်းဖြစ်နေမှာပါ။

(၃) ကိုယ့်သူငယ်ချင်းကလဲ သူ့သူငယ်ချင်းဆိုတော့ မလိုလားအပ်တဲ့ စိတ်ရှုပ်စရာကိစ္စမျိုး မရှိတော့ပါဘူး

ဒါကတော့ တခြား RS တွေအတွက် ကြုံတောင့်ကြုံခဲ ကံကောင်းခြင်းဆိုလဲ မမှားပါဘူး။ ငယ်ငယ်ကထဲက တစ်အုပ်စုထဲဆိုမှတော့ သူ့သူငယ်ချင်းတွေ ကိုယ့်ကို သဘောကျမှ ကျပါ့မလားဆိုပြီး တွေးပူနေစရာမလိုပါဘူး။ ဒါ့အပြင် အကြိုက်ချင်းတူတဲ့ သူငယ်ချင်းတွေပဲမို့ စိတ်တူကိုယ်တူနဲ့ သွားအတူ လာအတူ ၊ အရင်ကထက်တောင် ပိုပြီးပျော်စရာကောင်းနေမှာ အသေချာပါပဲ။

(၄) စိတ်အေးချမ်းလုံခြုံမှုက ဘာနဲ့မှမတူနိုင်ပါဘူး

သင့်အကြောင်းကို ကကြီး ကနေ အ အထိ သိပြီးတာတောင် ဆက်ချစ်ပေးနိုင်တဲ့သူအနားမှာ နေရတာလောက် စိတ်လုံခြုံရတာရှိပါဦးမလား။ အချင်းချင်း ရှက်ရွံ့နေစရာလဲမလိုသလို ကိုယ့်ရဲ့ ရှိရင်းစွဲအတိုင်းနေလဲ ဆက်ချစ်နေပေးမှာ အသေချာပဲမို့ ဟန်ဆောင်မှုကင်းပြီး လွတ်လပ်ပေါ့ပါးတဲ့ ဆက်ဆံရေးတစ်ခုကို ပိုင်ဆိုင်နိုင်မှာအသေချာပဲပေါ့။