မင်္ဂလာပါနော်။ သင်က ဓာတ်ပုံလှလှလေးတွေ ရိုက်ဖို့တွေးထားပေမယ့် ကင်မရာရှေ့ရောက်ရင် Pose ပေးရမှာ ရှက်ပြီး ကင်မရာတည့်တည့်မကြည့်နိုင်တာမျိုး ဖြစ်တတ်တဲ့သူလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးက သင့်အတွက်ပါပဲ။ ဒီတစ်ခေါက်မှာ ဓာတ်ပုံရိုက်နေမှန်းမသိအောင် ကင်မရာတည့်တည့်ကြည့်စရာမလိုဘဲ ပိုစ့်ပေးနိုင်မယ့် အိုင်ဒီယာလေးတွေကို ဖော်ပြပေးသွားလိုက်ပါတယ်။ နောင်တစ်ချိန်ဓာတ်ပုံရိုက်ရင် ခေါင်းစားစရာမလိုတော့အောင် ကူညီပေးမှာဖြစ်လို့ စိတ်ဝင်စားရင် ကြည့်လိုက်ရအောင်နော်-

ပထမဆုံး Pose လေးက အပြင်သွားရင်းရိုက်မယ့်သူတွေအတွက်ပါ။ ကင်မရာကိုမကြည့်ဘဲ နေပူလို့ မျက်နှာလေးကာနေသလို ဆံပင်လေးပြင်နေသလို လုပ်ရမှာဖြစ်ပါတယ်။ လျှပ်တပြတ်ရိုက်လိုက်တဲ့ Snap ပုံစံလေးရစေတာမို့ Pose ပေးနေမှန်းတောင် မသိသာပါဘူး။

ကင်မရာကိုနောက်ခိုင်းကာ ခန္ဓာကိုယ်ကို တစ်စောင်းလေး ပြန်လှည့်ကြည့်တဲ့ပုံစံလေးလုပ်ကြည့်ပါ။ ပုံထဲကလို လက်နှစ်ဖက်မြှောက်ပြီး ဆံပင်ကိုင်နေတဲ့ Pose လေးက သာမာန်ထက်ထူးခြားသလို ဆွဲဆောင်မှုလည်း ရှိစေမှာပါ။ အလင်းကောင်းကောင်းရတဲ့နေရာလေးဆို ပိုလှပါတယ်။

ကင်မရာဘက်ကိုမျက်နှာမလှည့်ဘဲ ရှုခင်းတစ်ခုခု ငေးကြည့်နေသလို Pose လေးကလည်း Natural ဆန်ပြီး ရိုးရိုးလေးနဲ့ လှနေတတ်ပါတယ်။

ကိုယ်ဝတ်ထားတဲ့ OOTD လေး အသားပေးပြီး Mirror Selfie ရိုက်ကြည့်ပါ။ မျက်နှာကို ဖုန်းနဲ့အုပ်ထားလို့ရတာမို့ ကြည့်တဲ့သူတွေက သင့် Outfit ကိုပဲ အာရုံပိုစိုက်မိစေမှာပါ။

လူငယ်ဆန်တဲ့ Pose အလန်းလေးရဖို့ လက်နှစ်ဖက်ဆန့်ပြီး လက်ချောင်းတွေနဲ့ မျက်နှာတစ်ဝက်လောက်အုပ်လိုက်သလို ပုံစံလေးလုပ်ကြည့်ပါ။ မတ်တပ်ရပ်ပြီးရိုက်မယ်ဆိုရင် အရပ်ပိုရှည်တယ်ထင်ရအောင် ခြေထောက်တစ်ချောင်း မသိမသာရှေ့ထုတ်ထားတာမျိုး လုပ်ပေးသင့်ပါတယ်။

အနီးကပ်ရိုက်မယ်ဆိုရင်လည်း မျက်နှာကိုတစ်စောင်းလေးလှည့်ပြီး မျက်လွှာလေးချထားတဲ့ Pose မျိုးပေးနိုင်ပါတယ်။ ဓာတ်ပုံထဲမှာ Soft Girl ပုံစံလေးရစေမှာပါ။

နောက်ထပ်ကင်မရာကြည့်ဖို့မလိုအောင် အာရုံလွှဲနိုင်တာက ဦးထုပ်ဆောင်းလိုက်တာပါ။ ဦးထုပ်ဝတ်ပြီး မျက်နှာလေးငုံ့ရိုက်တာက သင့်မျက်လုံးကိုလည်း မမြင်ရသလို မျက်နှာတစ်ဝက်ပဲပေါ်တာမို့ မိတ်ကပ်မပါဘဲ ဓာတ်ပုံရိုက်တဲ့အခါ အဆင်ပြေမှာပါ။

Photo Source: Pinterest, preview.ph

By MyStyle Myanmar