ဝိတ်ကျချင်ပေမယ့် ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေလည်း မလုပ်ချင်ဘူးဆိုတဲ့သူတွေအတွက် အရမ်းမပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေကို မျှဝေပေးလိုက်ပါတယ်။ ဒီလေ့ကျင့်ခန်းတွေကိုလုပ်ရင်းနဲ့ ဝိတ်ချဖို့ ကြိုးစားကြည့်ရအောင်။

လမ်းလျှောက်ခြင်း

ဘာလေ့ကျင့်ခန်းမှ သေချာမလုပ်နိုင်ဘူးဆိုရင် တစ်နေ့ကို အနည်းဆုံး မိနစ် ၃၀၊ ၄၅ မိနစ်လောက် လမ်းလျှောက်ပါ။ တစ်နေ့တစ်နာရီ လမ်းလျှောက်ရင် ပိုကောင်းပါတယ်။ လေ့ကျင့်ခန်းမလုပ်နိုင်ရင် မလုပ်ချင်ရင် နေ့တိုင်း လမ်းလျှောက်ပေးပါ။ ဒါဆိုရင် ဝိတ်ကျလာမှာ သေချာပါတယ်။ မနက်စောစော လမ်းလျှောက်တာ ပိုကောင်းပါတယ်။

ယောဂ

လေ့ကျင့်ခန်းမလုပ်ချင်ရင် ယောဂကျင့်လို့လည်း ရပါတယ်။ ယောဂကျင့်မယ်ဆိုရင်တော့ ယောဂဆရာမနဲ့ သေချာတက်ပြီး လုပ်သင့်ပါတယ်။ ဒါမှပိုပြီး နည်းလမ်းမှန်မှန်နဲ့ ထိရောက်မှုရှိမှာပါ။ ယောဂကျင့်တာက ဝိတ်ကျစေပြီး စိတ်ပိုင်းဆိုင်ရာလည်း ပိုအားကောင်းလာစေတယ်၊ Stress တွေလည်း လျော့ကျစေပါတယ်။

စက်ဘီးစီးခြင်း

စက်ဘီးစီးတတ်တဲ့သူဆိုရင် လေ့ကျင့်ခန်းတစ်ခုအဖြစ်နဲ့ မနက်တိုင်း စက်ဘီးစီးတာမျိုးကို လုပ်ပေးလို့ရပါတယ်။ ဒါလည်း ဝိတ်ကျစေတဲ့ လေ့ကျင့်ခန်းတစ်ခုပါပဲ။ အပြင်ထွက်မစီးချင်ရင် စက်ရှိရင် အိမ်မှာ စက်နဲ့စက်ဘီးစီးလို့လည်း ရပါတယ်။

ရေကူးခြင်း

ရေကူးတာက ကိုယ်ရည်စစ်ပြီး ဝိတ်ကျစေပါတယ်။ ဝိတ်ကျဖို့ဆိုရင် တစ်ပတ်ကို ၂ ကြိမ်၊ ၃ကြိမ်လောက် ရေကူးပေးရမှာ ဖြစ်ပါတယ်။ ရေကူးရတာ ကြိုက်တဲ့သူတွေအတွက်တော့ လေ့ကျင့်ခန်းပင်ပန်းတာတွေ လုပ်စရာမလိုပဲ ရေကူးရင်း ဝိတ်ကျစေမယ့် နည်းလမ်းရှိတာပေါ့။

Tai Chi

Tai Chi လုပ်ရတာ ဝါသနာပါတဲ့သူဆိုရင် Tai Chi ကို လေ့ကျင့်ခန်းတစ်ခုလို နေ့တိုင်းသာ လုပ်ပေးပါ။ ဝိတ်ကျဖို့အတွက် အများကြီး အထောက်အကူရစေပါတယ်။ စိတ်ကိုလည်း Relax ဖြစ်စေတယ်၊ Stress တွေလည်း လျော့ကျစေပါတယ်။