မင်္ဂလာပါ။ ကြယ်တာရာပုံစံလေးတွေဆိုတာ ဘယ်အချိန်ကြည့်ကြည့် စိတ်ကူးယှဉ်ဆန်ပြီး မရိုးသွားတာမို့ တော်တော်များများက ဒီဇိုင်းတစ်ခုအနေနဲ့ သုံးနေဆဲပါနော်။ ဒီလိုမျိုး ချစ်စရာကောင်းတဲ့ ကြယ်ပုံလေးတွေကို လက်သည်းဒီဇိုင်းအဖြစ် ပုံဖော်ချင်တဲ့သူတွေအတွက် ဆန်းသစ်ပြီး ခေတ်ဆန်တဲ့ ကြယ်ပုံလက်သည်းလေးတွေကို ဒီတစ်ခေါက်ဆောင်းပါးမှာ ဖော်ပြပေးသွားမှာပါနော်။

လူငယ်ကောင်မလေးတွေ အကြိုက်တွေ့မယ့်အပြင် လက်သည်းအတို၊ အရှည်ပုံစံမရွေးလိုက်ဖက်စေမှာမို့ Try ကြည့်တာမမှားပါဘူး။ ကြယ်ပုံလေးဖော်ပြီး အောက်ခံအရောင်စုံနဲ့ စပ်ဆိုးနိုင်တာမို့ ကာလာအမျိုးမျိုး ဆိုးရတာကြိုက်တဲ့သူတွေအတွက်လည်း အဆင်ပြေပါတယ်။ မြင်သမျှလူတိုင်းအားကျပြီး လိုက်ဆိုးချင်စိတ်ဖြစ်စေမယ့် လက်သည်းလေးတွေပိုင်ဆိုင်စေမှာမို့ စိတ်ဝင်စားတယ်ဆိုရင် ကြည့်လိုက်ရအောင်ပါ။

Photo Source: Pinterest

By MyStyle Myanmar