ညဘက်တွေမှာပဲဖြစ်ဖြစ်၊ အိမ်ပြန်တဲ့အချိန်လေးတွေမှာပဲဖြစ်ဖြစ် ကိုယ့်ချစ်သူလေးနဲ့အတူတူ ကားလေးနဲ့ပြန်နေတဲ့လမ်းတစ်လေ ျှာက်မှာ ကြည်နူးဖို့ကောင်းပြီး နားထောင်လို့ကောင်းတဲ့ သီချင်းလေးတွေကို တူတူနားထောင်ပြီးပြန်လာမယ်ဆိုရင် အရမ်းကိုပျော်စရာကောင်းမှာက အသေချာပဲနော်။ အိမ်ပြန်ချိန်လေးတွေမှာ အတူတူနားထောင်လို့ကောင်းမယ့် သီချင်းလေးတွေကိုဖော်ပြပေးလိုက်ပါတယ်နော်။

One Direction ရဲ့ Perfect

သင်က One Direction ရဲ့ပရိသတ်တစ်ယောက်ဖြစ်မယ်ဆိုရင်တော့ ဒီသီချင်းလေးကိုလည်း ကြိုက်နှစ်သက်မယ်လို့ထင်ပါတယ်။ သီချင်းလေးထဲက စာသားတွေက ကားမောင်းနေရင်းနဲ့ ချစ်သူလေးကိုဘေးမှာထားပြီးတော့ နားထောင်မယ်ဆိုရင်ပိုပြီးတော့ ပြီးပြည့်စုံနေစေမှာပါ။

Halsey ရဲ့ Hurricane

ဒီသီချင်းလေးကလည်း သင့်ချစ်သူနဲ့တူတူအိမ်ပြန်နေတဲ့အချိန်မျိုးမှာ နားထောင်မယ်ဆိုရင်နားထောင်ကောင်းတဲ့ သီချင်းတစ်ပုဒ်ဖြစ်စေမှာပါ။ ကားနဲ့လေ ျှာက်သွားတဲ့အကြောင်းမျိုးကို ညွန်းဆိုထားတဲ့သီချင်းမျိုး မဟုတ်ပေမယ့် ကိုယ်ချစ်ရဆုံးသူတစ်ယောက်နဲ့ ဘဝကိုဖြတ်သန်းရတဲ့ အကြောင်းအရာမျိုးတွေကို ရေးသားထားတာကြောင့် အရင်ကအမှတ်တရတွေကိုတောင် ပြန်ပြီးတော့မှတ်မိလာစေနိုင်ပါတယ်။

Maroon 5 ရဲ့ Girl Like You

သီချင်းကောင်းလေးတွေကိုပဲ အမြဲတမ်းဖန်တီးနေတဲ့ Maroon 5 ကိုတော့အားလုံးရင်းနှီးပြီးသားဖြစ်မှာပါ။ အခုတစ်ခါမှာတော့ နောက်ဆုံးထွက်ရှိထားတဲ့ Girl Like You သီချင်းလေးကို လူငယ်တော်တော်များများက ကြိုက်နှစ်သက်ပြီး နားထောင်လို့လည်းကောင်းတာကြောင့် အိမ်ပြန်ချိန်တွေမှာချစ်သူလေးနဲ့ တူတူနားဆင်ကြည့်လို့ရတယ်နော်။

Jason Mraz ရဲ့ Unlonely

နားထောင်လို့ကောင်းတဲ့သံစဉ်လေးတွေနဲ့ အိမ်ပြန်ချိန်တွေကို အဓိပ္ပာယ်ရှိချင်တယ်ဆိုရင်တော့ ကားထဲမှာ Jason Mraz ရဲ့ Unlonely သီချင်းလေးကို နားထောင်သွားကြည့်လိုက်ပါနော်။

Drake ရဲ့ In My Feelings

အခုနောက်ပိုင်းမှာ Fb မှာလည်းနာမည်ကြီးနေတဲ့ KiKi Do you love me? ဆိုတဲ့သီချင်းလေးကို ကကွက်လေးတွေနဲ့ နာမည်ကြီးနေတော့ လူတိုင်းသိပြီးသားဖြစ်မှာပါ။ ဒီသီချင်းလေးကို ကားပေါ်မှာတူတူနားထောင်ရင်း ကကွက်လေးတွေကိုလည်း လိုက်ပြီးတော့ကမယ်ဆိုရင် ပျော်စရာကောင်းပြီး အမှတ်တရတစ်ခုအဖြစ်ကျန်နေခဲ့စေမှာပါ။

Video Source: Youtube