ထိုင်းဇာတ်လမ်းတွဲတွေကို သဘောကျကြိုက်နှစ်သက်တဲ့ ပရိတ်သတ်တွေအနေနဲ့ Davikah Hoorne နဲ့ Ter Chantavit တို့ စုံတွဲကို ရင်းနှီးကြမယ်လို့ထင်ပါတယ်။ Davikah ကိုတော့ Pee Mak ဇာတ်လမ်းတွဲနဲ့ လူသိများလာတာဖြစ်ပြီး မင်းသား Ter Chantavit ကိုတော့ ATM ဇာတ်လမ်းတွဲနဲ့ ပိုသိကြမှာပါ။
သူ့တို့နှစ်ဦးသားဟာ ၂၀၁၇ ခုနှစ်ကထွက်ရှိခဲ့တဲ့ “Chai Mai Jing Ying Tae” နဲ့ ၂၀၁၈ ခုနှစ်က ထွက်ရှိခဲ့တဲ့ “Nang Sao Mai Jam Kad Nam Sakul” ဇာတ်ကားတွေမှာ အတူတူသရုပ်ဆောင်ခဲ့ကြပါတယ်။ ပထမဇာတ်ကားအပြီးမှာပဲ ရင်းနှီးသွားကြကာ မကြာခဏတွေ့ဆုံခဲ့ကြပါတယ်။
ဒါရိုက်တာ P’ Tong ရိုက်ကူးခဲ့တဲ့ ‘Pee Mak’ ဇာတ်ကားအတွက် ဇာတ်ညွှန်းကို မင်းသား Ter Chantavit က ရေးသားခဲ့တာဖြစ်ပေမယ့်လည်း Davika နဲ့ တစ်ခါမှမတွေ့ဆုံခဲ့ပါဘူး။ သူမကို ဆုပေးပွဲတစ်ခုမှာစတင်တွေ့ဆုံခဲ့တာဖြစ်ပြီး ထိုအချိန်မှာတုန်းက နှစ်ဦးအတူတူထိုင်ကြပြီး ဆံပင်အတိုလေးနဲ့ဆိုတာကိုလည်း ပြန်ပြောပြပါသေးတယ်။
အစပိုင်းမှာတော့ နှစ်ဦးသားတွဲခုတ်နေတယ်ဆိုတဲ့သတင်းတွေကို ငြင်းဆိုခဲ့ပြီး အသိမိတ်ဆွေတွေလို့သာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ တစ်ယောက်နဲ့တစ်ယောက်အကြောင်း ပိုသိအောင်ကြိုးစားနေတယ်လို့ ဆိုလာခဲ့ပြီး ၂၀၁၈ ခုနှစ် နှစ်လည်လောက်မှာပဲ ရည်းစားအဖြစ်လက်တွဲခဲ့ပါတယ်။
အခုချိန်မှာတော့ ပရိတ်သတ်တွေချစ်ရတဲ့ စုံတွဲအဖြစ်ရပ်တည်လျက်ရှိပြီး နှစ်ဦးသားပုံရိပ်တွေကိုလည်း ပရိတ်သတ်တွေရှေ့ အခုလို ချပြလေ့ရှိပါတယ်။