လက်ရှိပိုင်ဆိုင်ထားတဲ့ Relationship ကို ဘဝတစ်လျှောက် ဖြတ်သန်းနိုင်ဖို့ဆိုတာက တစ်ယောက်ပေါ်တစ်ယောက် နားလည်မှုတွေ သည်းခံမှုတွေရှိမှပါ။ ဒါကြောင့် Relationship တစ်ခုကို ရေရှည်တည်တံ့ဖို့ ရေရှည်ခိုင်မြဲတဲ့နှောင်ကြိုးကို ဖန်တီးနိုင်ဖို့အတွက်ဆို ဒီအချက်တွေကို လိုက်နာဖို့လိုအပ်ပါတယ်။

အချိန်တိုင်းကို တန်ဖိုးထားပါ

မနက်တိုင်း မနက်စာစားရင်း တစ်ယောက်နဲ့တစ်ယောက် စကားပြောတာ ဒါမှမဟုတ် ညတိုင်း ညစာအတူတူ ချက်နေရင်း တစ်ယောက်ကိုတစ်ယောက် တစ်နေ့တာအကြောင်းမေးတာက နှစ်ယောက်ကြားက နှောင်ကြိုးအပေါ် အများကြီး အကျိုးသက်ရောက်မှု ရှိတာမလို့ နှစ်ယောက်အတူရှိချိန်တွေကို တန်ဖိုးထားပါ။

အတူတူ‌ဖြေရှင်းပါ

ခက်ခဲတဲ့အခြေနေကို ဖြတ်ကျော်ရတာ စိတ်ချမ်းသာဖို့တော့ မကောင်းပေမယ့် တစ်ယောက်ကိုတစ်ယောက် အားကိုးရင် ပိုသန်မာလာမှာပါ။ ဖြစ်ပေါ်လာတဲ့ စိန်ခေါ်မှုတိုင်းကို ဖြေရှင်းဖို့ တစ်ယောက်ကိုတစ်ယောက် ပံ့ပိုးပေးနိုင်ရင် ဒါက နှစ်ယောက်ကြားက အချစ်ကို ပိုနက်ရှိုင်းစေမှာပါ။

ပျော်ရွင်စရာတွေလုပ်ရင်း အချိန်ဖြုန်းပါ

နှစ်ယောက်စလုံး ပျော်ရွင်စရာတွေလုပ်ရင်း အချိန်ဖြုန်းတာကလည်း ချစ်ခြင်းမေတ္တာကို နက်ရှိုင်းစေတာမလို့ နှစ်ယောက်လုံးကြိုက်တဲ့ ဖျော်ဖြေပွဲသွားတာ ၊ ရုပ်ရှင်ကြည့်တာ ၊ ခရီးသွားတာ စသဖြင့် နှစ်ယောက်လုံး ပျော်ပျော်ရွှင်ရွှင်နဲ့ အချိန်ဖြုန်းပါ။

ရိုးသားပါ

တစ်နေ့တာအကြောင်း မေးတာပဲဖြစ်ဖြစ်၊ အလုပ်မှာ စာရိုက်တာပဲဖြစ်ဖြစ်၊တစ်ယောက်ပေါ်တစ်ယောက် ရိုးသားပြီး ပွင့်ပွင့်လင်းလင်းရှိတာကလည်း Relationship အတွက် တန်ဖိုးရှိပါတယ်။

အာရုံထားပါ

အခုခေတ်မှာ နည်းပညာပစ္စည်းတွေဟာ Relationship တော်တော်များများအတွက် ကြီးမားတဲ့ အနှောင့်အယှက်တစ်ခုပါပဲ။တော်တော်များများက ဖုန်းထဲမှာပဲ အချိန်ကုန်ပြီး ရှေ့ကလူကို ကြည့်ဖို့ မေ့သွားတတ်ကြတယ်။ ဒီလိုမလုပ်ဘဲ နှစ်ယောက်အတူရှိချိန် ဖုန်းကိုဘေးချထားပြီး တဖက်လူကို အာရုံထားပါ။

ကတိတည်ပါ

လက်ထပ်တုန်းက မင်းရဲ့လက်ကျန်ဘဝတစ်လျှောက်လုံး အတူတူဖြတ်သန်းမယ်လို့ ကတိကဝတ်ပြုထားခဲ့တာ မှတ်မိမှာပါ။ လက်တွဲဖော်ကို သင်သူ့အတွက် အမြဲရှိနေမယ့်အကြောင်း ၊ လုံခြုံမှုနဲ့ ရင်းနှီးမှုကို ဖန်တီးပြီး တတ်နိုင်သမျှ ကတိသစ္စာတည်ဖို့ ကြိုးစားပါ။