တေးဂီတ သံစဥ်​လေးတွေက ဖျော်ဖြေရေးတစ်ခုထက် ပိုပါတယ်။ ဒါ့အပြင် လူတွေရဲ့စိတ်ကို လွှမ်းမိုးနိုင်စွမ်း ရှိပါတယ်။ ပျော်စရာသီချင်းလေးတွေ နားထောင်ရင် ပျော်ရွှင်မှုလေး ခံစားလာရသလို၊ စိတ်အားတတ်ကြွဖွယ် သီချင်းလေးတွေ နားထောင်ရင်လည်း စိတ်အားတတ်ကြွမှုတွေ ခံစားလာရတယ် မဟုတ်ပါလား။

ဒါ့အပြင် သီချင်းလေးတွေက ကိုယ့်ခံစားချက်ကို တစ်ပါးသူသိအောင် အကောင်းဆုံးဖော်ပြပေးနိုင်တဲ့ ကြားခံနယ်ဆိုလည်း မမှားပါဘူး။ ဒါကြောင့် ဒီနေ့မှာတော့ စိတ်အစဉ်ကို လှုပ်ခတ်စေမယ့် အလွမ်းတေးများကို နားဆင်ခံစားနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။

“Thinking Bout You” by Ariana Grande

Source: honeymoon backdrop

အသံပါဝါကောင်းကောင်းနဲ့ ရင်ထဲထိစေမယ့် သီချင်းတွေကို သီဆိုလေ့ရှိတဲ့ Ariana Grande ရဲ့ သီချင်းကောင်းလေးဖြစ်တဲ့ Thinking Bout You ဆိုတဲ့ သီချင်းလေးပဲ ဖြစ်ပါတယ်။ ဒီသီချင်းလေးက တစ်စုံတစ်ယောက်ကို အထူးတလည် လွမ်းဆွတ်သတိရနေပုံကို နားဆင်ရမယ့် ချိုမြိန်တဲ့ သီချင်းလေးပဲ ဖြစ်ပါတယ်။

“Lay Me Down” by Sam Smith

Source: LoSS Records [SiAl]

ဒီသီချင်းလေးကတော့ Sam Smith ရဲ့ အရောင်းရဆုံး Album ဖြစ်တဲ့ ‘In the Lonely Hour’ မှာပါတဲ့ သီချင်းကောင်းတစ်ပုဒ်ဖြစ်သလို သူရဲ့ ဂီတခရီးလမ်းကို စတင်စေခဲ့တဲ့ သီချင်းတစ်ပုဒ်လည်း ဖြစ်ပါတယ်။ နားထောင်လို့ကောင်းတဲ့ သံစဉ်လေးနဲ့ အလွမ်းအကြောင်း ဘယ်လိုရေးဖွဲ့ထားသလဲ ဆိုတာကိုတော့ သီချင်းလေးမှာ ခံစားလိုက်ရအောင်။

“I Will Always Love You” by Whitney Houston

Source: GuitarDocs

ဒီသီချင်းလေးကတော့ အလွမ်းဓာတ်ခံရှိတဲ့ စိတ်နှလုံးအာရုံကို လှုပ်ခတ်စေမယ့် The Bodyguard ဇာတ်ကားမှာ ပါဝင်တဲ့ နာမည်ကြီး သီချင်းကောင်း​လေး တစ်ပုဒ်ပါ။ ဒီသီချင်းရဲ့ စာသားလေးကတော့ အကြောင်းအမျိုးမျိုးကြောင့် ချစ်ရသူကို လက်လွှတ်ပေးလိုက်ရပေမယ့် အမြဲချစ်နေမယ့်အကြောင်း သီဆိုထားတာဖြစ်ပါတယ်။

“Miss You Like Crazy” by Natalie Cole

ရင်ကိုလှုပ်ခတ်စေမယ့် အလွမ်းတေးများထဲက တစ်ခုကတော့ Natalie Cole ရဲ့ Miss You Like Crazy ဆိုတဲ့သီချင်းလေးပဲ ဖြစ်ပါတယ်။ လမ်းခွဲပြီးတဲ့နောက် တစ်ယောက်သောသူကို နာရီတိုင်း၊ မိနစ်တိုင်း ရူးရူးမူးမူး လွမ်းနေမိတဲ့သူတွေအတွက် ခံစားချက်နဲ့ တိုက်ဆိုင်မယ့် သီချင်းလေးပါပဲ။

လွမ်းတဲ့စိတ်ဟာ ကိုယ်ချစ်ရတဲ့သူနဲ့ ခဏတာဝေးကွာနေလို့ဖြစ်စေ၊ အကြောင်းအမျိုးမျိုးကြောင့် အပြီးတိုင် ခွဲခွာလိုက်ရခြင်းကြောင့်ဖြစ်စေ ချစ်ခြင်းကိုအခြေခံပြီး ဖြစ်ပေါ်လာတဲ့ ခံစားချက်တစ်ခုပါ။ ချစ်ခြင်းရဲ့တစ်စိတ်တစ်ပိုင်းလို့လည်း ဆိုလို့ရပါတယ်။