ဘဝတစ်ကွေ့ရဲ့ တစ်ချိန်ချိန် တစ်နေရာရာမှာ ကိုယ်ချစ်ရတဲ့သူက ကိုယ့်ကိုပြန်ချစ်လာဖို့ စောင့်ဆိုင်းရတာမျိုးလည်းရှိသလို၊ ကိုယ်စိတ်ဝင်စားရတဲ့သူ၊ ကိုယ့်ဂရုစိုက်ရတဲ့သူက ကိုယ့်ရဲ့ဖြစ်တည်မှုကို သိရှိဖို့အတွက် စောင့်မျှော်နေရတဲ့သူတွေလည်း ရှိပါလိမ့်မယ်။

သီချင်းရေးဆရာတွေက တစ်စုံတစ်ယောက်ကို စောင့်မျှော်နေတဲ့သူတွေအတွက် အဆွေးသီချင်းများကို ရေးစပ်သီကုံးခဲ့ကြပါတယ်။ ကမ္ဘာကျော်အဆိုတော်များကလည်း သူတို့ရဲ့ အသံပါဝါ၊ သီချင်းဆိုသံများနှင့် ပေါင်းစပ်လိုက်တဲ့အခါ လူကြိုက်များတဲ့ အဆွေး သီချင်းကောင်းတစ်ပုဒ် ထွက်ရှိလာခဲ့ပါတော့တယ်။

အလွမ်းအဆွေး ခံစားချက်များနှင့် ပြည့်နှက်နေတဲ့ သင့်အတွက် ထိုသီချင်းကောင်းများကို စုစည်းတင်ဆက်ပေးလိုက်ရပါတယ်။

(၁) For Now By Lauv

တကယ်လို့ Indie-Folk တေးဂီတကို နှစ်သက်တယ်ဆိုရင်တော့ ဒီသီချင်းလေးကို သဘောကျကြပါလိမ့်မယ်။ Acoustic Guitar လေးနှင့် ရိုးရှင်းတဲ့ တူရိယာများနှင့် တီးခတ်ထားတဲ့ အဆိုတော်ရဲ့ လှပတဲ့ အသံပါဝါက သင့်ရဲ့ စိတ်ဝိညာဥ်ကို ဆွဲဆောင်နေပါလိမ့်မယ်။

(၂) While I Wait By Lincoln Brewster

သီချင်းစာသားများက ရိုးရိုးရှင်းရှင်းလေးဆိုပေမယ့် အမိုက်စား အဆွေးသီချင်းဖြစ်တယ်ဆိုတာကတော့ ငြင်းမရပါဘူး။ တကယ်တော့ ဒီသီချင်းလေးက ခရစ်ယာန် ဓမ္မတေးသီချင်းအဖြစ် စတင်သီဆိုခဲ့ကြတာပါ။ နောက်မှာ တဖြည်းဖြည်းနဲ့ အဆွေးသီချင်းအဖြစ် ကူးပြောင်းလာခဲ့တာဖြစ်ပါတယ်။

(၃) Right Here Waiting By Richard Marx

ဒီသီချင်းလေးကတော့ ယနေ့ထိတိုင် လူကြိုက်များတဲ့ သီချင်းလေးပဲဖြစ်ပါတယ်။ ဒီသီချင်းထဲမှာ စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းတစ်ပုဒ်လည်းရှိပါတယ်။

Richard Marx ရဲ့ အမျိုးသမီးက Cynthia Rhodes ဖြစ်ပြီး သူမဟာ တောင်အာဖရိကတွင် ရုပ်ရှင်ရိုက်ကူးရန်အတွက် ခရီးထွက်နေရတာဖြစ်ပါတယ်။ Marx က သူ့ချစ်ဇနီးကို သတိရလွန်းတဲ့စိတ်နဲ့ ထိုသီချင်းကို ရေးစပ်သီဆိုခဲ့တာဖြစ်ပါတယ်။

(၄) Wait For Me By John Rose

နောက်ထပ် အမိုက်စား သီချင်းတစ်ပုဒ်ကတော့ Wait For Me ပဲဖြစ်ပါတယ်။ သီချင်းအေးအေးလေးနဲ့ လွမ်းဆွေးလို့ကောင်းတဲ့ သီချင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။

(၅) Waiting For Love By Avicii

ခံစားချက် အပြောင်းအလဲဖြစ်သွားအောင်လို့ ဒီသီချင်းလေးကို နားထောင်ကြည့်လိုက်ပါ။ Electro-Dance သီချင်းများကို ကြိုက်နှစ်သက်သူတွေအတွက် အမိုက်စားသီချင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ သီချင်းနားထောင်ပြီးတဲ့အခါ ဒီသီချင်းသည် YouTube မှာ ဘာ့ကြောင့် 1 Billion Views ရရှိထားသလဲဆိုတာ သိသွားပါလိမ့်မယ်။

(၆) Waiting For Superman By Daughtry

Daughtry ကတော့ သီချင်းကောင်းတစ်ပုဒ်ကို ဘယ်လိုရေးစပ်သီကုံးရမလဲဆိုတာ သိရှိထားသူတစ်ယောက်ဖြစ်ပါတယ်။ သီချင်းစာသားလေးတွကလည်း မှတ်မိရလွယ်ပြီး လိုက်ဆိုလို့ကောင်းတဲ့ သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။