ချစ်ခြင်းတရားဟာ တကယ်ကို လှပပြီး ဆန်းကြယ်သော ခံစားမှုတွေနဲ့ ကြည်နူးမှုတွေကို ပိုင်ဆိုင်စေတဲ့ အရာပါ။ ဘယ်လို ချစ်ခြင်းတရားမဆို လှပပြီး လူတိုင်းနဲ့ ထိုက်တန်ပါတယ်။ ဒီနေရာမှာ အချစ်အကြောင်းပြောရမယ်ဆိုရင် လူနှစ်ယောက်ကြားက ချစ်ခြင်းတရားက ရင်ခုန်မှုတွေနဲ့ ပြည့်နှက်နေပြီး သူစိမ်းကနေ အရင်းနှီးဆုံးသောသူအဖြစ် နှလုံးသားချင်း နီးစပ်ပြီး အတူတူဖြတ်သန်းကြတာ တကယ်ကို ပျော်ရွှင်ဖွယ် အတိပါပဲ။

ချစ်ခြင်းကို နည်းမျိုးစုံနဲ့ ဖော်ပြကြသလို သီချင်းလေးတွေ သံစဉ်တွေနဲ့လည်း ဖော်ပြကြပါတယ်။ ဒီဆောင်ပါးလေးမှာတော့ ချစ်ခြင်းကို အခြေခံပြီး ဖြစ်ပေါ်လာတဲ့ မရေမတွက်နိုင်တဲ့ ခံစားချက်များကို ရေးဖွဲ့သီကုံးထားတဲ့ သီချင်းများကို ဖော်ပြပေးချင်ပါတယ်။

Cinema

ဒီသီချင်းလေးက Harry Styles ရဲ့ ၂၀၂၂ မှာ ထွက်ရှိထားတဲ့ အယ်လ်ဘမ် ဖြစ်တဲ့ ‘Harry’s House’ မှာ ပါဝင်တဲ့ သီချင်းကောင်းလေး ဖြစ်ပါတယ်။

The Scientist

ထွက်ရှိတာ ကြာခဲ့ပြီဖြစ်ပေမယ့် နားထောင်လို့ကောင်းဆဲဖြစ်တဲ့ Coldplay အချစ်သီချင်းလေးကိုလည်း ရွေးချယ်ပေးလိုက်ပါတယ်။

The Power of Love

အချစ်ရဲ့ စွမ်းအားအကြောင်းကို Gabrielle Aplin ရဲ့ အသံပါဝါကောင်းကောင်းနဲ့ သီဆိုထားတဲ့ သီချင်းကောင်းကိုလည်း နားဆင်လိုက်ပါဦး။

A Thousand Years

ဒီသီချင်းလေးကိုတော့ တော်တော်များများ သိပြီးသားဖြစ်မှာပါ။ လူတော်တော်များများရဲ့ ရင်ဘတ်ထဲမှာ အခုထိ စွဲထင်ရစ်တဲ့ ချစ်ခြင်း သံစဉ်လေး တစ်ပုဒ်ဆိုလည်း မမှားပါဘူး။

My Love

အချစ်သီချင်းကောင်းလေးတွေ အကြောင်းပြောရင် Westlife ရဲ့ My Love ဆိုတဲ့ သီချင်းလေးကိုလည်း ချန်ထားခဲ့လို့ မရပါဘူး။

Anything 4 U

နောပ်ထပ်ဖော်ပြပေးချင်တာကတော့ Banks ရဲ့ Anything 4 U ပဲဖြစ်ပါတယ်။ မြူးမြူးကြွကြွနဲ့ ခံစားချက်အပြည့်ပါတဲ့ အချစ်သီချင်းစစ်စစ်လေး တစ်ပုဒ်ကို နားဆင်ခံစားကြည့်လိုက်ပါ။

အခုဖော်ပြပေးလိုက်တဲ့ သီချင်းကောင်းလေးတွေက ချစ်ခြင်းနဲ့ ပတ်သတ်တဲ့ အကြောင်းအရာတွေ အရောင်အသွေးတဲ့ ခံစားမှုတွေအကြောင်း ရေးဖွဲ့ထားတဲ့ သီချင်းလေးတွေပဲ ဖြစ်ပါတယ်။