စာဖတ်သူတို့ရေ။ အချစ်ဆိုတာကို ယုံကြည်ကြလားရှင့်။ လက်ရှိအခုဆောင်းပါးကို ဖတ်နေကြသူတွေထဲမှာ လက်တွဲဖော်ရှိပြီးသားသူတွေရော ဒါမှမဟုတ် ဖူးစာရှင်နဲ့မတွေ့ဆုံရသေးသူတွေရော ပါကြမယ်လို့ထင်ပါတယ်။ ကဗျာ၊ ရုပ်ရှင်၊ တေးသီချင်းတွေမှာတော့ အချစ်ဆိုတာကို စကားလုံးကြွယ်ကြွယ်တွေနဲ့ သီကုံးဖွဲ့ဆိုကြတာတွေလည်း အများကြီး မြင်ဖူး၊ ကြားဖူး၊ ဖတ်ဖူးကြမှာပါ။

ဒီလိုမျိုး စကားလုံးလှလှတွေနဲ့ တင်စားလေ့ရှိတဲ့ အချစ်ဆိုတဲ့အရာက သင်နဲ့သင့်ဖူးစာရှင်တို့ နှစ်ဦးကြားကို ရောက်ရှိလာတဲ့အချိန်မှာ ဘယ်လိုအခြေအနေလေးတွေ၊ ဘယ်လိုအခိုက်အတန့်လေးတွေကို ဖန်တီးဖြစ်မလဲဆိုတာကို အမြဲစိတ်ကူးကြည့်ဖူးပါသလား။ ကိုရီးယားနိုင်ငံက ပန်းချီဆရာတစ်ခုကတော့ လူအများအားကျရလောက်တဲ့ စိတ်ကူးအိမ်မက်ထဲက အခြေအနေလေးတွေကို အခုလိုပဲ ပုံဖော်ရေးဆွဲခဲ့ပါတယ်။

အကြောင်းအရင်းမရှိလည်း ထွေးပွေ့မယ်

ချမ်းမှာစိုးလို့ စောင်လေးခြုံပေးမယ်

အတူတူ အိပ်ကြမယ်

အတူတူ ချက်ပြုတ်မယ်

ညဥ့်နက်တဲ့အထိ တီဗွီကြည့်ကြမယ်

ဘာမှမလုပ်ဘဲ အနားယူမယ်

တစ်ယောက်ပုခုံးပေါ် တစ်ယောက်မှီပြီး တစ်ရေးအိပ်မယ်

ဓာတ်ပုံအဟောင်းတွေကို အတူတူပြန်ကြည့်ကြမယ်

တစ်ဦးအပေါ် တစ်ဦးဂရုစိုက်မယ်

သူအကြောက်ဆုံးအချိန်တွေမှာ အနားမှာရှိနေပြီး နှစ်သိမ့်ပေးမယ်

Surprise လေးတွေ ဖန်တီးပေးမယ်

နဖူးပေါ်ကို ကြင်ကြင်နာနာလေး နမ်းမယ်

အတူတူ ကခုန်မယ်

သွားအတူတူတိုက်ကြမယ်

အစားအသောက်ဝေမျှမယ်

အရသာရှိတဲ့ သရေစာလေးတွေ အတူတူလုပ်စားကြမယ်

သူလိုအပ်ချိန်တိုင်း ကူညီပေးမယ်

အတူတူ သီချင်းတွေအော်ဆိုမယ်

အခုထက် ပိုပြီးချစ်ကြမယ်

Photo Credit: Puuung