အမျိုးသားတွေဟာလည်း အမျိုးသမီးတွေလိုပါပဲ။ အဝတ်အစားတွေ ဖက်ရှင်တွေအတွက် ငွေကြေးတွေ သုံးစွဲလာကြပါတယ်။ ဒါပေမဲ့ အမျိုးသားအများစုဟာ အဝတ်အစားတွေ ရွေးချယ်ဝတ်ဆင်တဲ့ နေရာမှာ တလွဲတချော် လုပ်တတ်ကြပါတယ်။ ဒီနေ့တော့ အမျိုးသားအများစု လုပ်လေ့ရှိကြတဲ့ ဖက်ရှင် အလွဲလေးတွေအကြောင်းပြောပြပေးသွားမှာပါ။

ဘောင်းဘီသိုင်းကြိုးနဲ့ ခါးပတ်တွဲဝတ်ခြင်း

ဒီစတိုင်က တဖန်ပြန်လည်ခေတ်စားလာတာပါ။ ဒီစတိုင်က ကြယ်သီးပါတဲ့ ရှပ်အင်္ကျီ တွေကို ဘောင်းဘီကြိုးသိုင်း ဒါမှမဟုတ် ခါးပတ်ဖြင့် တွဲဝတ်သင့်ပါတယ်။ ဘောင်းဘီသိုင်းကြိုးနဲ့ခါးပတ်တွဲဝတ်ခြင်း ကိုတော့ မလုပ်ဖို့လိုအပ်ပါတယ်။

ဂျာကင်ထက်တိုတဲ့ ကုတ်အင်္ကျီဝတ်ဆင်ခြင်း

ကုတ်အင်္ကျီကအမျိုးသားတွေအတွက် အလွန်လိုက်ဖက်တဲ့ အဝတ်အစားပါ။ စတိုင်အမျိုးမျိုး ပြောင်းလဲပြီး ဝတ်ဆင်လို့ရပါတယ်။ အရေးကြီးတာတစ်ခုကတော့ ဝတ်ထားတဲ့ ကုတ်အင်္ကျီက ဂျာကင်ထက် တိုမနေဖို့ပါပဲ။

ဂျာကင်နှင့်ကျောပိုးအိတ်တွဲဖက်ခြင်း

၂၁ ရာစုမှာ လူတွေက ဖက်ရှင်မျိုးမျိုး မရိုးရလေအောင် ဖန်တီးလာကြပါတယ်။ ဒါပေမဲ့ ဂျာကင်နှင့်ကျောပိုးအိတ်တွဲဖက်ခြင်းကတော့ ဘယ်လိုမှ အဆင်မပြေပါဘူး။ ကျောပိုးအိတ်အစား လက်တော့အိတ်လိုမျိုး အိတ်တွေကိုသာ အသုံးပြုဖို့အကြံပေးချင်ပါတယ်။

နတ်ခ်တိုင် တိုလွန်းတာ

ဒီအချက်က လူသိများပေမယ့် အမျိုးသားတွေ တော်တော်များများ လစ်လျူ့ရှု ထားတတ်ကြတယ်။ နတ်ခ်တိုင်ဝတ်တော့မယ်ဆိုရင် အရမ်းကြီးရှည်တာ တိုတာတွေ မဝတ်ဖို့လိုအပ်ပါတယ်။ နတ်ခ်တိုင်ဟာ ခါးပတ်ခေါင်းကိုဖုံးတဲ့အထိ ရှည်ရပါမယ်။

ထိပ်ဆုံးကြယ်သီး တပ်ဆင်ခြင်း

အမျိုးသမီးတွေရဲ့အာရုံကို ဖမ်းစားချင်နေတယ်ဆိုရင်တော့ ရှပ်အင်္ကျီထိပ်ဆုံးကြယ်သီးကို မတပ်ပါနဲ့။ ဒီလိုလုပ်တာက သင့်ကို ပိုပြီးခန့်ညားစေပါတယ်။ ဒါပေမယ့်အလွန်အကျွန် မလုပ်ဖို့တော့လိုအပ်ပါနဲ့။ တချို့တွေက ဒုတိယကြယ်သီးပါ ဖြုတ်ပြီး ဝတ်ဆင်ကြတာတွေရှိပါတယ်။

ကိုယ်က နိုက်ကလပ်မှာရောက်နေတာမဟုတ်ဘူးဆိုရင်တော့ ဒါမျိုးမလုပ်ပါနဲ့။ အကြည့်ရဆိုးပါတယ်။ ထိပ်ဆုံးကြယ်သီးကိုတော့ မတပ်မနေအခြေအနေရောက်မှ တပ်ဖို့အကြံပေးပါရစေ။

ဆိုဒ်ကြီးသော ရှပ်အင်္ကျီများဝတ်ဆင်ခြင်း

ဒီနေ့ခေတ်မှာ အိုဗာဆိုဒ်အဝတ်အစားတွေဝတ်တာ ခေတ်စားနေတုန်းပါပဲ။ ဒါပေမယ့် ရှပ်အင်္ကျီတွေကိုတော့ အိုဗာဆိုဒ် မဝတ်ဖို့ အရေးကြီးပါတယ်။ မိမိပခုံးနှင့်တော်ရဲ့လား သေချာစစ်ပါ။ ကိုယ်နဲ့ အံကိုက်ဖြစ်တဲ့ ရှပ်အင်္ကျီဝတ်ဆင်ခြင်းက ရှိနှင့်ပြီးသား ရုပ်ရည်ကိုပိုမိုပေါ်လွင်စေပါတယ်။

Source: Bright Side