ပျမ်းမျှလူတစ်ယောက်က ဘဝတစ်သက်တာမှာ မျက်ရည်ပေါင်း ၁၆ ဂါလန်ကျော်ငိုကြွေးကြတယ်လို့ သိပ္ပံပညာရှင်တွေ အဆိုပြုထားပါတယ်။ ဒါပေမဲ့ လူတွေက တစ်ခါတလေ သူတို့ရဲ့ ခံစားချက်တွေကို မျိုသိပ်တတ်ကြပါတယ်။

စိတ်ခံစားချက်ကြောင့် ငိုကြွေးခြင်းက သင့်ကို ဝိတ်ကျစေတာ သင်သိပါသလား။ အရင်ရည်းစားကို သတိရစိတ်နဲ့ ငိုကြွေးခြင်းက ဝိတ်ကျတဲ့ အကြောင်းကို သိပ္ပံပညာရှင်တွေ ဘယ်လိုပြောထားသလဲဆိုတော့…

ငိုကြွေးတာက ဝိတ်ကျတယ်ဆိုတာ သင်သံသယဖြစ်နိုင်ပါတယ်။

နာကျင်ခံစားရတဲ့အချိန်ကို ဆိုးဝါးတဲ့စက်ဝန်းလို့ ခေါ်ကြည့်ကြတာပေါ့။ ဒီစက်ဝန်းမှာ သင်စိတ်ညစ်မယ် အစားပိုစားမယ် ရက်အနည်းငယ်ကြာတော့ သင်ဝတ်နေကျဘောင်းဘီက ကျပ်လာတယ်။ ဒီလိုဆို ငိုကြွေးသောကရောက်တာက ဝိတ်တက်စေတယ်လို့ သင်ပြောနိုင်ပါတယ်။ ဒါပေမဲ့ ဒါက မှားယွင်းပါတယ်။

ဝမ်းနည်းပူဆွေးတာအားလုံးက ကော်တီဇောအဆင့် နောက်ဆုံးဘယ်မှာရှိလဲ ဆိုတဲ့အပေါ်မူတည်ပါတယ်

စိတ်ဖိစီးလို့ ကော်တီဇောဟော်မုန်းတက်လာတာက ဝိတ်တက်တာနဲ့ ဆက်နွယ်နေတာမှန်ပါတယ်။ ဒီကော်တီဇောဟော်မုန်းက စိတ်လှုပ်ရှားတဲ့အချိန် စိတ်ဖိစီးတဲ့အချိန်ကို တိုက်ထုတ်ပေးတဲ့နေရာမှာ ကူညီပေးပါတယ်။ ယနေ့ခေတ်မှာ လူတွေက သူတို့စိတ်ဆိုးတာကို မဖြေရှင်းဘဲ ထိုင်ပြီးဒေါသပုန်ထတတ်ပါတယ်။ ဒီအချိန်မှာ သင့်ခန္ဓာကိုယ်က စိတ်ဖိစီးမှုကြောင့် ကယ်လိုရီတွေကုန်ခမ်းသွားပြီလို့ ထင်တတ်ပါတယ်။ ဒီကယ်လိုရီတွေကို ပြန်ဖြည့်ဖို့လိုတယ်ဆိုပြီးထင်တတ်ပါတယ်။

သိပ္ပံပညာရှင်တွေရဲ့ လေ့လာမှုမှာတော့ စိတ်ခံစားချက်ကြောင့်ကျတဲ့ မျက်ရည်က ကော်တီဇောဟော်မုန်းတက်စေပါတယ်။ ဒီဟော်မုန်းတွေကို စိတ်ဖိစီးမှုများတဲ့အချိန် ထုတ်လုပ်ပါတယ်။

ခံစားချက်ကို မထိန်းနိုင်ဘဲ ငိုလိုက်တဲ့အချိန်မှာ ဟော်မုန်းထွက်လာပြီး ကော်တီဇောအဆင့်ကျဆင်းသွားပါတယ်။ ဒီတော့ စိတ်ဖီးစီးမှုတွေပြီးဆုံးတဲ့နောက် ငိုချလိုက်တော့ ခန္ဓာကိုယ်မှာအဆီသိုလှောင်စရာမလိုတော့ပါဘူး။ ဒါကြောင့် စိတ်ဖိစီးတဲ့ဟော်မုန်းတွေက ခန္ဓာကိုယ်ရဲ့ ပြင်ပမှာလား အထဲမှာပဲ ရှိသေးလားဆိုတဲ့အပေါ်ပဲမူတည်ပါတယ်။

သိပ္ပံပညာရှင်တွေက ခံစားချက်နဲ့ငိုလို့အကောင်းဆုံးအချိန်က ည ၇ နာရီကနေ ၁၀ နာရီပါတဲ့။ ဒီအချိန်က လူအများစု ကိုယ်ချစ်ရသူနဲ့ ကုန်ဆုံးမှုအများဆုံးအချိန်မို့ပါ။

ဒါကြောင့်စိတ်ညစ်စရာအချိန်တွေနဲ့ ကြုံလာရင် မျိုသိပ်မထားပါနဲ့။ မျိုသိပ်ထားတာက ဝိတ်တက်စေပြီး ငိုချလိုက်တာကတော့ ဝိတ်ကျစေပါတယ်။

Photo Source: Pinterest