Diet Plan တွေ မလုပ်ခင်တိုင်း ပြောဖြစ်တဲ့ တစ်ခုကတော့ သင်ဟာ ဒီနည်းလမ်းကို မလုပ်ဆောင်ခင် ဆရာဝန်ရဲ့ အကြံဉာဏ် အချို့ကို ယူသင့်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် မတူတဲ့ အတွက် ကိုယ်နဲ့ အဆင်ပြေနိုင်မယ့် နည်းလမ်းကို အကြံတောင်းခံသင့်ပါတယ်။ ဒီ ၂ပတ် အတွင်း ကျစေမယ့် နည်းကတော့ အရည် သောက်ရမှာပါ။ မနက်ခင်းတိုင်း သောက်ရမယ့် အရည် တစ်မျိုးပါ။

လွယ်ကူပြီး ရိုးရှင်းပါတယ်။ လီမွန် သို့မဟုတ် သံပုယိုသီးကို နေ့အလိုက် ရေ အခွက်ရေနဲ့ သောက်ရမှာပါ။  လီမွန် (သို့) သံပုယိုသီးတွေကို အရည်ညှစ်ပေးရပါမယ်။ သောက်ရမယ့် အချိန်ကတော့ မနက်စာ မစားခင် အချိန်တွေမှာပါ။ အချို့ရက်တွေမှာ တစ်နေကုန် သောက်ရမယ့် ရက်တွေ ရှိပါတယ်။

Day 1 – ရေတစ်ခွက်နဲ့ လီမွန် ၁လုံးပါ။

Day 2 – ရေ ၂ခွက်နဲ့ လီမွန် ၂လုံးပါ။

Day 3 – ရေ ၃ခွက်နဲ့ လီမွန် ၃လုံးပါ။

Day 4 – ရေ ၄ခွက်နဲ့ လီမွန် ၄လုံးပါ။

Day 5 – ရေ ၅ခွက်နဲ့ လီမွန် ၅လုံးပါ။

Day 6 – ရေ ၆ခွက်နဲ့ လီမွန် ၆လုံးပါ။

Day 7 – လီမွန် ၃လုံးနဲ့ ရေ၁၀ခွက်ကို ရောပြီး ပျားရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်း ခပ်ပါ။ တစ်နေကုန် သောက်ပေးပါ။

Day 8 – ရေ ၆ခွက်နဲ့ လီမွန် ၆လုံးပါ။

Day 9 – ရေ ၅ခွက်နဲ့ လီမွန် ၅လုံးပါ။

Day 10 – ရေ ၄ခွက်နဲ့ လီမွန် ၄လုံးပါ။

Day 11 – ရေ၃ခွက်နဲ့ လီမွန် ၃လုံးပါ။

Day 12 – ရေနှစ်ခွက်နဲ့ လီမွန် ၂လုံးပါ။

Day 13 – ရေတစ်ခွက်နဲ့ လီမွန် ၁လုံးပါ။

Day 14 – လီမွန် ၃လုံးနဲ့ ရေ၁၀ခွက်ကို ရောပြီး ပျားရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်း ခပ်ပါ။ တစ်နေကုန် သောက်ပေးပါ။

Source: recipemamalinda