ဘောင်းဘီအပွတွေက Crop Top အင်္ကျီနဲ့ လိုက်ဖက်တယ်ဆိုတာ ငြင်းမရတဲ့ အချက်တစ်ခုပါ။ ဘောင်းဘီအရှည် အပွတွေက သင့်ကို လွတ်လပ်ပေါ့ပါးစေပြီး သင့်ကိုယ်သင် ပိုယုံကြည်မှုရှိစေပါတယ်။ ကိုယ့် ခါး Size အရပ်အရှည်နဲ့ အဆင်ပြေတဲ့ ဘောင်းဘီအပွ မျိုးကိုတော့ ရွေးချယ်ဖို့ လိုပါတယ်။ ဘောင်းဘီအပွမှာမှ ဒီဇိုင်း အမျိုးမျိုး ရှိပါတယ်။ အခုဖော်ပြထားတဲ့ ဘောင်းဘီအပွအရှည်တွေကတော့ သင့်ဆီမှာ အနည်းဆုံး တစ်ထည်လောက် ရှိထားသင့်တဲ့ ပုံစံတွေပဲ ဖြစ်ပါတယ်။ ဒီဇိုင်းအကုန်ရွေးဝယ်စရာမလိုဘဲ ကိုယ်ကြိုက်တာကိုပဲ ရွေးလိုက်ရုံနဲ့ လုံလောက်ပါတယ်။ ဒီတော့ ပျိုမေတိုင်းမှာ ရှိထားသင့်တဲ့ ဘောင်းဘီအပွ ပုံစံတွေကို ကြည့်လိုက်ရအောင်နော်-

၁။ အရောင်စပ် ဘောင်းဘီအပွ

အရောင်စပ်တွေက အရောင်တစ်မျိုးထက် ပိုပါဝင်တာကြောင့် အပေါ် အင်္ကျီအရောင် သိပ်ရွေးစရာမလိုတော့ပါဘူး။

၂။ အဖြူအနက် အစင်းကွက် ဘောင်းဘီအပွ

အစင်းကွက် အပွတွေက အနက်အင်္ကျီဝတ်ရတာ ကြိုက်တဲ့ ပျိုမေတို့ ပိုင်ဆိုင်ထားသင့်တဲ့ အပွဖြစ်ပါတယ်။ အစင်းကွက် ဘောင်းဘီက ဝတ်ဆင်သူကို ပိုဆွဲဆောင်မှုရှိသွားစေပါတယ်။

၃။ ဂျင်းနှစ်ရောင်စပ်

ဂျင်းနှစ်ရောင် ဂျင်းဘောင်းဘီ အပွတွေက သာမန်ဝတ်နေကျ အပွတွေနဲ့ ကွဲထွက်သွားပြီး ဝတ်ဆင်သူကို ပိုအထာကျနေစေပါတယ်။

၄။ အပေါက်ပါတဲ့ Ripped Jeans အပွ

အပေါက်ဖောက်ထားတဲ့ ဂျင်းအပွ အရှည်တွေက သင့်ကို လူငယ်ပိုဆန်စေပြီး ဂျစ်ကန်ကန် Vibe မျိုးကို ပိုင်ဆိုင်စေပါတယ်။

၅။ ခါးရှည် ဘောင်းဘီအပွ

ခါးရှည်ဘောင်းဘီအပွတွေကို ခါးကြီးတဲ့ ပျိုမေတွေ ဝတ်သင့်ပါတယ်။ ချက်ပိုင်း ပြုတ်ကျ ဘောင်းဘီတွေက ဗိုက်ပူတဲ့ မိန်းကလေးတွေအတွက် အဆင်မပြေပါဘူး။

Photo Source: Pinterest

By MyStyle Myanmar