အားလုံးပဲ မင်္ဂလာပါ။ ပျိုမေလေးတွေကို မိန်းကလေးပိုဆန်စေတဲ့ ဖက်ရှင်လေးတွေကို ပြောပါဆိုရင်တော့ စကပ်နဲ့ ဂါဝန်ဖက်ရှင်လေးတွေပါပဲ။

သူငယ်ချင်းတွေနဲ့ လျှောက်လည်လို့ပဲဖြစ်ဖြစ်၊ သင်တန်းသွားတက်စရာရှိလို့ပဲဖြစ်ဖြစ် အကြောင်းအမျိုးမျိုးကြောင့် အပြင်သွားရတဲ့အခါ စကပ်လေးတွေဝတ်သွားမယ်ဆိုရင် လူငယ်ဆန်ဆန်နဲ့ ချစ်စရာကောင်းနေမှာ အသေအချာပဲပေါ့။

ဒါ့ကြောင့် လူငယ်ဆန်ဆန်နဲ့ ချစ်စရာကောင်းတဲ့ စကပ်ဖက်ရှင်လေးတွေကို ဘယ်လိုအဝတ်အစား ဖက်ရှင်လေးတွေနဲ့ စတိုင်လ်ကျလှပအောင် ဝတ်ဆင်ကြမလဲဆိုတာကို အတူတူလေ့လာကြည့်လိုက်ရအောင်နော်။

ချစ်စရာကောင်းတဲ့ အလွှာလိုက်စကပ်လေးတွေကို အင်္ကျီအဖြူရောင်၊ နို့နှစ်ရောင်စတဲ့ အရောင်နုလေးတွေနဲ့ တွဲဖက်ဝတ်ဆင်လိုက်ရင်တော့ တကယ့်ကို မိန်းကလေးဆန်သွားမှာပါ။

ပုခုံးလျှောအင်္ကျီလေးနဲ့ တွဲဝတ်မယ်

စကပ်အတိုဖက်ရှင်လေးတွေ

All Black ဖက်ရှင်လေးကတော့ ပိန်တဲ့မိန်းကလေးတွေကို ဖက်ရှင်ကျအောင်၊ ခန္ဓာကိုယ်ပြည့်တဲ့ ပျိုမေလေးတွေအတွက်တော့ သေးသွယ်တဲ့ပုံပေါက်အောင် ကူညီပေးပါတယ်။

စကပ်အရှည် ဖက်ရှင်လေးတွေ

စကပ်ကားကားလေးနဲ့ ချစ်ဖို့ကောင်းအောင် ဝတ်လို့ရသေးတယ်နော်။

စကပ် အကွက်လေးတွေ

ဘယ်လိုလဲ ပျိုမေလေးတို့ရေ… အခုဖော်ပြသွားတဲ့ စကပ်ဖက်ရှင်လေးတွေကို သဘောကျကြရဲ့လား။

Photo Source: Pinterest