အခုနောက်ပိုင်းမှာဆိုရင် စကပ်အရှည်လေးတွေဝတ်တာက အရမ်းကိုခေတ်စားလာပါတယ်။ နွေရာသီမှာဆိုရင်လည်း စကပ်အရှည်လေးတွေက ဝတ်လို့အရမ်းကောင်းပါတယ်။ မိန်းကလေးဆန်ဆန်နဲ့လည်း လှနေစေပါတယ်။ ဒါကြောင့် ဒီနွေရာသီမှာဝတ်ဖို့ ဖက်ရှင်ကျလှပနေစေမယ့် စကပ်အရှည် Outfit Idea တွေကို ဖော်ပြပေးလိုက်ပါတယ်။

ဝတ်ရတာပေါ့ပါးမှုရှိပြီး လှနေစမယ့် Outfit Idea လေးပါ။ ခရီးသွားရင်လည်း ဒီလိုမျိုးလေးဝတ်တာနဲ့ အရမ်းလိုက်ဖက်ပါတယ်။

နွေရာသီရောက်လည်း အမဲပဲဝတ်မယ်ဆိုတဲ့သူတွေအတွက် ဖက်ရှင်ကျလှပနေစေမယ့် Outfit Idea လေးပါ။

Floral စကပ်အရှည်တွေဆိုရင် ကြိုးတစ်လုံးလေးတွေနဲ့ ဒီလိုလေး တွဲဝတ်ရင် ချစ်ဖို့ကောင်းပြီး လှလည်းလှပါတယ်။

နွေရာသီနဲ့လိုက်ဖက်ပြီး အရမ်းလှနေစေမယ့် Outfit Idea လေးပဲ ဖြစ်ပါတယ်။

ဒီလိုစကပ်လေးတွေကလည်း အခုနောက်ပိုင်းမှာ အရမ်းခေတ်စားနေတာပါ။ နွေရာသီနဲ့လိုက်ဖက်ပြီး ဖက်ရှင်ကျလှပနေစေမယ့် Outfitလေးပါ။ ဒီစကပ်လေးဝတ်မယ်ဆိုရင် ဖိနပ်ကို ဒေါက်ဖိနပ်ပဲစီးတာ ပိုလှပါတယ်။

ပွဲတက်အတွက်ပဲဖြစ်ဖြစ်၊ ကမ်းခြေသွားရင်ပဲဖြစ်ဖြစ် အရမ်းလှနေစေမယ့် Outfit Idea လေးပါ။

ဘိုဆန်ပြီး ချစ်ဖို့ကောင်းနေစေမယ့် လှလည်းလှတဲ့ Outfit Idea လေးပါ။ နွေရာသီနဲ့ဆို ကွက်တိပဲနော်။

ဒီ Outfit Idea လေးဆိုရင် နွေရာသီနဲ့လိုက်ဖက်ပြီး အရမ်းလှနေမှာ သေချာပါတယ်။

ပေါ့ပါးလွတ်လပ်တဲ့ စတိုင်လ်မျိုးတွေ ဝတ်ရတာကြိုက်တဲ့ လူငယ်ကောင်မလေးတွေအတွက် Outfit Idea လေးပဲဖြစ်ပါတယ်။

စကပ်အရှည်အဖြူရောင်လေးဆိုရင် ဒီလို Crop Top လှလှလေးတွေ၊ ဒီလိုအင်္ကျီလက်လေးတွေနဲ့ အရမ်းတွဲဝတ်လို့ကောင်းတယ်နော်။ ခရီးသွားရင်လည်း ဝတ်လို့ကောင်းတဲ့ Outfit လေးပါ။

နွေရာသီအတွက် ရိုးရိုးလေးနဲ့လှတဲ့ Outfit Idea လေးပဲ ဖြစ်ပါတယ်။

ပွဲတက်အတွက်ဝတ်မယ်ဆိုရင်လည်း လှပကြော့ရှင်းပြီး ဖက်ရှင်ကျနေစေမယ့် Outfit Idea လေးပါ။

အဖြူရောင်စကပ်အရှည်လေးကို အဖြူရောင်ကြိုးတစ်လုံးလေးနဲ့ တွဲဝတ်ပြီး Sneakers အဖြူလေးစီးလိုက်တော့ လုံးဝကို Perfect ဖြစ်ပြီး ရှင်းရှင်းလေးနဲ့ လှနေမှာ သေချာပါတယ်။ နွေရာသီအတွက်လည်း ကွက်တိဖြစ်တဲ့ Outfit Idea လေးပါပဲ။

မိန်းကလေးဆန်ဆန်နဲ့ အရမ်းလှနေစေမယ့် Outfit Idea လေးပါ။ ကမ်းခြေမှာပဲဖြစ်ဖြစ်၊ ပွဲတက်ရင်ပဲဖြစ်ဖြစ်၊ ထသွားထလာပဲဖြစ်ဖြစ် ဝတ်လို့အဆင်ပြေပါတယ်။