ရာသီဥတုကလည်း တစ်ဖြေးဖြေးနဲ့ပူလာတော့မှာဆိုတော့ လူငယ်ကောင်မလေးတွေအတွက် ပူပြင်းတဲ့ရာသီဥတုမှာဝတ်ဖို့ Skirt အရှည် Fashion Outfit တွေကို မျှဝေပေးလိုက်ပါတယ်။ အခုနောက်ပိုင်းမှာ Skirt အရှည်လေးတွေဝတ်တာက Fashion Trends တစ်ခုဖြစ်နေတာကြောင့် ဒီ Outfit လေးတွေကို သဘောကျမယ်လို့ ထင်ပါတယ်။

Jean Skirt ကိုမှ ဒီလိုအရှည်ကြီးတွေကလည်း အခုနောက်ပိုင်းမှာ ခေတ်စားလာပါတယ်။ ဒီလို Jean Skirt အရှည်ကိုဝတ်မယ်ဆိုရင် ကြိုးတစ်လုံးအင်္ကျီ လှလှလေးတွေနဲ့ တွဲဝတ်ပြီး Sneakers လေးစီးလိုက်ပါ။ အရမ်းချစ်ဖို့ကောင်းပြီး လှနေပါလိမ့်မယ်။

အခုတလော Trends ဖြစ်နေတဲ့ ဒီ Skirt လေးဆိုရင် ပူပြင်းတဲ့ရာသီဥတုမျိုးမှာ ပေါ့ပေါ့ပါးပါးဖြစ်အောင် ဒီလို Body Fit Top အဖြူလေးတွေနဲ့သာ တွဲဝတ်လိုက်နော်။

အခုနောက်ပိုင်းမှာ ဒီလို Skirt အရှည်ဒီဇိုင်းမျိုးကလည်း ခေတ်စားနေပါတယ်။ ဒီလို Skirt လေးတွေက ရိုးရိုးရှင်းရှင်း Top လေးတွေနဲ့ တွဲဝတ်တာ ပိုလိုက်ဖက်ပါတယ်။ ရာသီဥတုပူတဲ့အခါမှာလည်း အရမ်းအဆင်ပြေပါတယ်။

Midi Jean Skirt လေးတွေဆိုရင် Tank Top လေးတွေနဲ့သာ တွဲဝတ်လိုက်ပါ။ Simple ဖြစ်ပြီး လှပါတယ်။

ဒီလို Top လေးတွေက ရှိထားသင့်ပါတယ်။ ရာသီဥတုပူတဲ့အခါမှာဆို ဝတ်ရတာ အရမ်းသက်တောင့်သက်သာ ဖြစ်စေပါတယ်။ Skirt အရှည်လေးတွေနဲ့ တွဲဝတ်မယ်ဆိုလည်း ချစ်ဖို့ကောင်းနေတာပါပဲ။

ဒီ Skirt Outfit လေးဆိုလည်း ရှင်းရှင်းလေးနဲ့ အရမ်းလှပါတယ်။ နွေရာသီလို ရာသီဥတုပူတဲ့အချိန်မှာ ဝတ်ဖို့ဆိုရင် ကွက်တိပဲနော်။

Jean Skirt အရှည်ကို Jean အရောင်မယူချင်ရင် အဖြူလေးရွေးချယ်ပါ။ အဖြူရောင်က ဘယ်အချိန်ဖြစ်ဖြစ် အရမ်းလှပါတယ်။ ရာသီဥတုပူတဲ့အချိန်မှာဆိုရင် လက်ပြတ် အဖြူလေးတွေနဲ့ တွဲဝတ်ပါ။ လင်းပြီးအရမ်းလှသလို ချစ်ဖို့လည်းကောင်းပါတယ်။

Jeans Skirt အရှည်လေးတွေနဲ့ ပေါ့ပေါ့ပါးပါးဖြစ်အောင် ဒီလို Crop Top အပွလေးတွေနဲ့လည်း တွဲဝတ်လို့ရပါသေးတယ်။

ဒီ Skirt Outfit လေးကတော့ Summer Vibes ရစေမယ့် Outfit လေးပါ။ အရမ်းလည်းချစ်ဖို့ကောင်းပါတယ်။

အခုတလော အရမ်း Trends ဖြစ်နေတဲ့ ဒီ Skirt အရှည်လေးကိုတော့ ရာသီဥတုပူတဲ့အချိန်မှာ ကြိုးတစ်လုံးလေးတွေ၊ ရင်ပြတ် Top လေးတွေနဲ့ တွဲဝတ်ကြည့်နော်။ လှနေမှာသေချာပါတယ်။