တချို့တွေဆိုရင် အသက် ၄၀ ကျော်လောက်ဖြစ်နေလည်း စတိုင်လ်ကျကျဝတ်ပြီး လှနေတာပါပဲ။ ဒီလို စတိုင်လ်ကျက ဝတ်ရတာကိုမှကြိုက်တဲ့ အသက် ၄၀ ကျော် အမျိုးသမီးများအတွက် လုံလုံခြုံခြုံနဲ့ လှနေမယ့် ဘောင်းဘီရှည်ဖက်ရှင်တွေကို မျှဝေပေးလိုက်ပါတယ်။

အရမ်းမကျပ်တဲ့ ဒီလိုဂျင်းဘောင်းဘီလေးတွေဆိုရင် အသက်ကြီးတဲ့သူတွေနဲ့ လိုက်ပါတယ်။ ရှပ်အင်္ကျီလေးတွေနဲ့တွဲဝတ်ရင် စတိုင်လ်ကျပြီး လှနေစေပါတယ်။

Bell pant ဘောင်းဘီအဖြူလေးတွေ ဘောင်းဘီအဖြူအပွတွေကို ရှပ်အင်္ကျီအဖြူနဲ့တွဲဝတ်ရင် အရမ်း gorgeous ဖြစ်ပြီး စတိုင်လ်ကျပါတယ်။ အသက် ၄၀ ကျော် ၅၀ ကျော်တွေနဲ့လည်း လိုက်ဖက်ပါတယ်။

ဒီလို bell pant လေးတွေဆိုရင် top အကျပ်လေးနဲ့တွဲဝတ်ပြီး ဒေါက်ဖိနပ်လေးစီးပါ။ စတိုင်လ်ကျပြီး အရမ်းလှပါတယ်။

Style pant လေးတွေကို ဒီလို လည်စိအင်္ကျီလေးတွေနဲ့ဝတ်တာက အသက်ကြီးတဲ့ အမျိုးသမီးများနဲ့ အရမ်းကိုလိုက်ဖက်ပါတယ်။

ဒီဖက်ရှင်လေးဆိုရင် ဆောင်းရာသီတို့၊ ခရီးသွားတဲ့အချိန်တို့နဲ့ အရမ်းလိုက်ဖက်ပြီး စတိုင်ကျလှပနေတာမျိုးလေးပါ။

ခြေမျက်စိအထက်ဘောင်းဘီလေးတွေကို ဒီလိုအင်္ကျီလေးတွေနဲ့ဝတ်တာကလည်း ရှင်းရှင်းလေးနဲ့ စတိုင်လ်ကျပြီး လှပါတယ်။ အသက်ကြီးသူများနဲ့လည်း လိုက်ဖက်ပါတယ်။

အေးတဲ့နေရာဒေသတွေကို ခရီးသွားတဲ့အခါမှာဆိုရင် ဒီလိုမျိုးလေးတွေဝတ်တာက စတိုင်လ်ကျပြီး ကြည့်ကောင်းစေပါတယ်။

Bell pant ကို ဒီလိုအင်္ကျီလေးတွေနဲ့ တွဲဝတ်လို့လည်း ရပါတယ်။ စတိုလ်ကျကျဘောင်းဘီလေးတွေ ဝတ်ရတာကိုကြိုက်တဲ့ အမျိုးသမီးတွေဆိုရင် ဒီဖက်ရှင်လေးကိုလည်း ကြိုက်မှာပါ။

Style pant ကိုမှ ဒီလိုအပွကြီးတွေက ဝတ်လိုက်ရင် စတိုင်လ်ကျပြီးမိုက်ပါတယ်။ အသက်ကြီးတဲ့သူတွေဆိုရင် cardigan လေးတွေ၊ ဆွယ်တာလေးတွေနဲ့ တွဲဝတ်ကြည့်ပါ။

photo source:www.pinterest.com