ပုပုသေးသေးကောင်မလေးတွေက အတိုလေးတွေဝတ်တာနဲ့ပဲ လိုက်တာမဟုတ်ပါဘူး။ ဂါဝန်အရှည် ဘောင်းဘီအရှည် Long Pant တွေနဲ့လည်း လိုက်တာပါပဲ။ သေချာတွဲဖက်ဝတ်ဆင်တတ်ရင် အကုန်လှပါတယ်။ ဒါကြောင့် ဒီတစ်ခါမှာတော့ ပုပုသေးသေးကောင်မလေးတွေအတွက် Long Pant Outfit Idea တွေကို မျှဝေပေးလိုက်ပါတယ်။

Jean Pant ကို အရမ်းရှည်တာမျိုးမဟုတ်ပဲ ဒီလိုခြေမျက်စိအထက် အရှည်လေးတွေဝတ်ပြီး Shirt အင်္ကျီကို ဘောင်းဘီထဲထည့်ဝတ်တာမျိုးလေးက ပုပုသေးသေး ကောင်မလေးတွေနဲ့ လိုက်ပါတယ်။ ချစ်ဖို့ကောင်းပါတယ်။ Sneakers မစီးပဲ ဒေါက်ဖိနပ်နဲ့စီးလည်း ရပါတယ်။

Jean Pant အရှည်ဝတ်မယ်ဆိုရင်တော့ ဒီလို Outfit လေးအတိုင်း ဝတ်ကြည့်နော်။ Smart ကျပြီးလှပါတယ်။

ဒီ Outfit လေးကျတော့ အရပ်ပုတဲ့ ကောင်မလေးတွေအတွက် လှလည်းလှသလို ချစ်ဖို့လည်းကောင်းပါတယ်။

ဒီ Outfit ဆိုရင် Coat လေးဝတ်ထားလည်း လှသလို အောက်က ရင်ပြတ် Top လေးနဲ့ပဲ တွဲဝတ်မယ်ဆိုလည်း လှပါတယ်။

ပုပုသေးသေးကောင်မလေးတွေအနေနဲ့ Long Pant တွေဝတ်မယ်ဆိုရင် ဒီလို Outfit လေးနဲ့ အရမ်းလိုက်ပါတယ်။ ချစ်ဖို့ကောင်းသလို လှလည်းလှပါတယ်။

ပုပုသေးသေးလေးတွေနဲ့ အရမ်းလိုက်ဖက်တဲ့ နောက်ထပ် Long Pant Outfit Idea လေးပါ။

ဝတ်ရတာပေါ့ပါးမှုရှိပြီး လှနေစေမယ့် Outfit Idea လေးပဲ ဖြစ်ပါတယ်။ အရပ်ပုတဲ့ ကောင်မလေးတွေက Long Pant တွေဝတ်တဲ့အခါ အင်္ကျီခါးတိုလေးတွေနဲ့ တွဲဝတ်တာ ပိုလိုက်ပါတယ်။

ပေါ့ပါးမှုရှိပြီး ချစ်ဖို့ကောင်းတဲ့ ဒီ Outfit လေးကလည်း ပုပုသေးသေးလေးတွေနဲ့ဆို ပိုချစ်ဖို့ကောင်းနေမှာပါ။ နွေရာသီမှာ ဝတ်လို့အကောင်းဆုံး Outfit လေးပဲနော်။

နွေရာသီလို ရာသီဥတုပူတဲ့အခါမှာ ဝတ်ဖို့အတွက် နောက်ထပ် ချစ်ဖို့ကောင်းတဲ့ Outfit လေးပါ။

ရိုးရှင်းပြီးလှပတဲ့ ဒီ Outfit လေးဆိုလည်း လူကောင်သေးတဲ့ကောင်မလေးတွေ၊ ပုပုသေးသေးလေးတွေနဲ့ လိုက်ဖက်ပါတယ်။

Jean Pant ကို ရိုးရိုးရှင်းရှင်းနဲ့ ပေါ့ပါးမှုရှိအောင် ဝတ်မယ်ဆိုရင်တော့ ဒီ Outfit လေးကိုသာ ရွေးချယ်လိုက်ပါ။

Simple ဖြစ်ပြီး အရမ်းလှတဲ့ Fashion Outfit လေးပါ။ အရပ်ပိုရှည်ချင်ရင် Sneakers မစီးပဲ ဒေါက်ဖိနပ်လေးသာ စီးလိုက်နော်။