ဒီတစ်ခါမှာတော့ ဘောင်းဘီအရှည်ဝတ်ရတာကို ပိုသဘောကျတဲ့ ကောင်မလေးတွေအတွက် ပေါ့ပေါ့ပါးပါး Day Trip တွေသွားတဲ့အခါမှာ ဝတ်လို့ကောင်းတဲ့ ဘောင်းဘီအရှည်ဖက်ရှင်တွေကို မျှဝေပေးလိုက်ပါတယ်။ Simple ဖြစ်ပြီး ဖက်ရှင်ကျတာမျိုးတွေ ဖြစ်တာကြောင့် သဘောကျမယ်လို့ ထင်ပါတယ်။

Day Trip တွေသွားတဲ့အခါ ဘောင်းဘီအကြပ်တွေဝတ်တာက ဒီလိုဘောင်းဘီလေးတွေဝတ်တာက ပိုပြီးပေါ့ပါးမှုရှိစေပါတယ်။ လှလည်းလှပါတယ်။ ဂျင်းဘောင်းဘီကို Crop Top အကြပ်လေးနဲ့ တွဲဝတ်တာဆိုတော့ ဘယ်တော့မှရိုးမသွားစေပါဘူး။

ပူအိုက်တဲ့အချိန်မျိုးမှာ Day Trip သွားတာဆိုရင် ဒီလိုဂျင်းဘောင်းဘီအရှည်ကို ကြိုးတစ်လုံးလှလှလေးတွေနဲ့ တွဲဝတ်လိုက်ရုံပဲနော်။

လုံးဝ Simple ဖြစ်တဲ့ ရိုးရိုးလေးပဲ ဝတ်ချင်တဲ့သူဆိုရင် ဂျင်းဘောင်းဘီအရှည်ကို Basic Top ဗြောင်လေးတွေနဲ့ ဒီလိုလေး တွဲဝတ်လိုက်နော်။

အေးတဲ့အချိန်မျိုးမှာ Day Trip သွားတာဆိုရင်တော့ ဂျင်းဘောင်းဘီအရှည်ကို ဒီလို Hoodie လေးတွေနဲ့သာ တွဲဝတ်လိုက်ပါ။

အဖြူနဲ့အနက်ကို တွဲဝတ်ထားတဲ့ ဒီဖက်ရှင်လေးဆိုရင်လည်း Simple ဖြစ်ပြီး လှပါတယ်။ Day Trip အတွက် ပေါ့ပါးမှုရှိတဲ့ ဖက်ရှင်လေးပါပဲ။

နောက်ထပ် ရိုးရှင်းပြီး ပေါ့ပါးမှုရှိစေမယ့် ဖက်ရှင်လေးပါ။ ဒီဖက်ရှင်လေးက ထသွားထလာအတွက်လည်း အရမ်းအဆင်ပြေသလို Day Trip သွားမယ်ဆိုလည်း အရမ်းကိုပေါ့ပါးမှုရှိစေမှာပါ။

ဂျင်းဘောင်းဘီမဝတ်ချင်တဲ့အခါ ဒီလိုဘောင်းဘီလေးတွေဝတ်ပါ။ ပိုပြီးတောင် ပေါ့ပါးမှုရှိစေမှာပါ။ ဘာနဲ့တွဲဝတ်ရမလဲဆိုတာကို ခေါင်းရှုပ်ခံပြီးစဉ်းစားနေစရာမလိုအောင် အနက်ရောင် Crop Top လေးတွေနဲ့သာ တွဲဝတ်လိုက်ပါ။

အနက်ရောင် Crop Top Shirt တွေဆိုရင် ဒီလိုဂျင်းဘောင်းဘီအရှည်နဲ့တွဲဝတ်တာက အရမ်းလိုက်ဖက်ပြီး ဖက်ရှင်ကျစေပါတယ်။ Day Trip အတွက်လည်း အရမ်းလိုက်ဖက်ပါတယ်။

Body သွယ်တဲ့ ကောင်မလေးတွေဆိုရင် Day Trip သွားတဲ့အခါ ဒီလိုဖက်ရှင်လေး ဝတ်ကြည့်နော်။ အရမ်းလှပါတယ်။

ဂျင်းဘောင်းဘီအရှည်ကို ဒီလို Tank Top နဲ့တွဲဝတ်ပြီး ဦးထုပ်ဆောင်းတဲ့ ဖက်ရှင်ကတော့ Day Trip အတွက်ရော ထသွားထလာအတွက်ရော အရမ်းလိုက်ဖက်ပါတယ်။