ရာသီဥတုပူတဲ့နေ့တွေ မိတ်ကပ်လိမ်းမိရင် ချွေးထွက်များလို့ ခဏလေးနဲ့ မိတ်ကပ်ကွက်ပြီး ကြည့်ရဆိုးလာတာမျိုး ဖြစ်ဖူးကြလား။ ဒါက ကိုယ်သုံးတဲ့ မိတ်ကပ်အရည်အသွေးနဲ့လည်း ဆိုင်သလို လိမ်းတဲ့အဆင့်တွေ အဆင်မပြေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ သင်က ရာသီဥတုပူပူမှာ မိတ်ကပ်လိမ်းပြီး အပြင်ထွက်နေရတဲ့သူ ဒါမှမဟုတ် ချွေးထွက်များတဲ့သူဆိုရင် နွေအပူဒဏ်ကို အံတုနိုင်မယ့် မိတ်ကပ်လိမ်းနည်းတွေ သိထားတာမမှားပါဘူး။ ဒီတစ်ခေါက်မှာ ပူအိုက်တဲ့နေ့တွေအတွက် မိတ်ကပ်ကြာရှည်ခံပြီး အလှမပျက်စေမယ့် လိမ်းနည်းအဆင့်တွေအကြောင်းကို မျှဝေပေးလိုက်ပါတယ်။

Skincare အဆင့်မှာ Sunscreen ကအရေးအကြီးဆုံးပါ


မိတ်ကပ်မလိမ်းခင်မှာ Moisturizer နဲ့ Sunscreen စတဲ့ပုံမှန် Skincare တွေလိမ်းရပါမယ်။ ပူတဲ့ရာသီဖြစ်လို့ Sunscreen ကို မဖြစ်မနေသေချာလေးလိမ်းပေးပါ။ SPF ပါဝင်မှု ၃၀ အထက်ရှိတဲ့ Sunscreen မျိုးသုံးဖို့လိုပါတယ်။

Primer ခံပါ


Foundation မလိမ်းခင် Primer ခံပေးတာက ကိုယ်လိမ်းထားတဲ့ မိတ်ကပ်ပုံမပျက်ဘဲ ကြာရှည်ခံဖို့ ကူညီပေးနိုင်တာမို့ ချွေးကြောင့် မိတ်ကပ်နေရာရွေ့တတ်တဲ့သူတွေအတွက် အရမ်းအသုံးဝင်ပါတယ်။ အသားအရောင်ညှိပေးပြီး အဆီလည်းထိန်းပေးတာမို့ အဆီအရမ်းပြန်တတ်တဲ့သူတွေနဲ့လည်း အဆင်ပြေမှာပါ။

Foundation ကို ခပ်ပါးပါးပဲလိမ်းပါ


ချွေးထွက်လာတဲ့အချိန် မိတ်ကပ်ထူထူလိမ်းထားမိရင် ပိုဆိုးတာမို့ နေ့တိုင်းလိုလို မိတ်ကပ်လိမ်းရတဲ့သူဆိုရင် Foundation ကိုခပ်ပါးပါးနဲ့ Lightweight ဖြစ်တာလေးတွေသုံးသင့်ပါတယ်နော်။ လိမ်းရပေါ့ပါးပြီး အစိုဓာတ်လည်းရအောင် Tinted Moisturizer တွေသုံးတာမျိုးလုပ်ပေးပါ။

Powder လိမ်းတာလျှော့ပါ


Powder Pact တွေက ချွေးထွက်တာနဲ့ ပျက်လွယ်တာမို့ မိတ်ကပ်သားမညီဘဲ အဖြူကွက်တွေဖြစ်ပြီး ကြည့်ရဆိုးသွားတတ်ပါတယ်။ အဆီပြန်တတ်လို့ Powder လိမ်းဖို့လိုတယ်ဆိုရင်တော့ T Zone နရာတွေလောက်ပဲ ခပ်ပါးပါးပုတ်တာမျိုးလုပ်ပေးပါ။ ပါးနီသုံးတဲ့အခါမှာလည်း Powder Blush ကိုရှောင်ပြီး Cream Type လေးတွေသုံးသင့်ပါတယ်။

အဆီစုပ်စက္ကူ ဆောင်ထားပါ


အထူးသဖြင့် Oily Skin ရှိသူတွေက ရာသီဥတုပူရင် ချွေးနဲ့အဆီပေါင်းပြီး မိတ်ကပ်ပျက်လွယ်တဲ့အပြင် ချွေးပေါက်တွေပါ ပိတ်သွားတတ်တာမို့ အဆီစုပ်စက္ကူဆောင်ထားဖို့လိုပါတယ်။ မိတ်ကပ်လိမ်းခါနီး မျက်နှာအဆီတွေဖယ်ရှားဖို့နဲ့ ချွေးထွက်များတဲ့အချိန်တွေမှာ အဆီစုပ်စက္ကူကို သုံးပေးပါ။

Tint ဖြစ်တဲ့နှုတ်ခမ်းနီလေးတွေသုံးပါ


Tint နှုတ်ခမ်းနီတွေက ကြာရှည်ခံသလို နည်းနည်းလေးဆိုးရုံနဲ့ အရောင်စွဲပါတယ်။ Tint ဆိုးပြီး နှုတ်ခမ်းခြောက်သွားတာမျိုးမဖြစ်အောင် Lip Balm ဒါမှမဟုတ် Lip Gloss လေးနဲ့ပေါင်းဆိုးပေးပါ။ ပန်းရောင်၊ လိမ္မော်နုနဲ့ Peach ဘက်သမ်းတဲ့ ကာလာလေးတွေ ရွေးချယ်ပေးတာက နွေရာသီနဲ့လိုက်တဲ့ Summer Vibe ရစေမှာပါ။

Photo Source: Pinterest

By MyStyle Myanmar