ရိုးရိုးဆံပင်ပုံစံကလည်း နေရတာတော်တော်လေးငြီးငွေ့နေပြီ။ညှပ်ချင်ရင်တောင် ဘာဆံပင်ပုံစံလေးညှပ်ရင်ကောင်းမလဲ။ ညှပ်ပြီးသွားရင်ရော ကိုယ်နဲ့လိုက်ရောလိုက်ပါ့မလားဆိုပြီး စဥ်းစားရခက်နေပြီလား။  အချိန်အကြာကြီး ထားခဲ့တဲ့ဆံပင်အရှည်ကြီးကိုလည်း ညှပ်လိုက်ရမှာ နှမြောနေတာမျိုးလည်းဖြစ်တတ်ပါတယ်။ ကိုယ်အမြတ်တနိုးနှစ်ရှည်လများ ထားခဲ့တဲ့ဆံပင်ရှည်ကို ပုံစံပြောင်းမယ်လို့ ဆုံးဖြတ်လိုက်ပြီဆိုရင်တော့ ဒီအချက်လေးတွေကိုတော့ ဂရုစိုက်စေချင်ပါတယ်။

ဆံပင်မညှပ်မှီ ဆံပင်စတိုင်မပြောင်းမှီ ကိုယ်ယုံကြည်စိတ်ချရတဲ့ ဆံပင်ညှပ်ဆရာ၊ Hair Stylist ကိုသေချာရှာပါ။ ကိုယ်တစ်ခါမှမညှပ်ဖူး၊ အစိမ်းသက်သက်ဆိုင်တွေမှာ ကိုယ့်ရဲ့ပုံစံကိုမပြောင်းသင့်ပါဘူး။ နောက်တစ်ချက်က ကိုယ်ပြောင်းမဲ့စတိုင် ကိုယ်လိုချင်တဲ့စတိုင်ကို အင်တာနက်ကသေချာရှာပါ။ ပြီးရင်ကိုယ်ဆံပင်ကိုပြောင်းလဲပေးမဲ့ ဆရာတွေနဲ့တိုင်ပင်သင့်ပါတယ်နော်။


Photo Source – Pinterest