ဂါဝန်ရှည်တွေက ဟိုးအရင်တည်းက အမျိုးသမီးတွေ ဝတ်လာခဲ့ကြတဲ့ ဘယ်တော့မှ ပျောက်ပျက်သွားမှာ မဟုတ်တဲ့ ဖက်ရှင်အဝတ်အစား ဖြစ်ပါတယ်။ ဂါဝန်အရှည်တွေက သင့်ကို ရိုးအေးပြီး လူကြီးဆန်တဲ့ ပုံစံဆီ ဦးတည်စေပေမယ့် ကြည့်တဲ့သူတွေ မျက်လုံးထဲမှာတော့ ဘယ်တော့မှ ငြီးငွေ့သွားမှာ မဟုတ်ပါဘူး။ အိန္ဒြေရှိရှိ လှနေမယ့်အထဲမှာ မြန်မာဝတ်စုံ တွေပါသလို ဂါဝန်ရှည် ဝတ်စုံတွေလည်း ပါဝင်နေပါတယ်။ ဒီတော့ သင့်ပုံစံကို ရင့်ကျက်စေကာ တည်တည်ငြိမ်ငြိမ်နဲ့ လှနေစေမယ့် ဂါဝန်ရှည် ဖက်ရှင်တွေကို ဖော်ပြလိုက်ပါတယ်။ ဒီတော့ ကြည့်လိုက်ရအောင်နော်-

ဂါဝန်ရှည် ဝတ်စုံတွေရဲ့ ကောင်းကျိုးတစ်ခုက သက်တောင့်သက်သာ ဖြစ်တာပါ။ တစ်ခါတလေ ဂါဝန်ရှည်တွေက တခမ်းတနား ပုံစံ ဖြစ်သွားစေပေမယ့် သင်က ပုံမှန်ဝတ်နေကျ ဆိုရင် ဒီအဝတ်အစားက သာမန် အဝတ်အစား တစ်မျိုး ပါပဲ။

ဂါဝန်ရှည်ကို စိတ်လုံလုံခြုံခြုံနဲ့ ဝတ်နိုင်ပါတယ်။ ဟိုနေရာပေါ်မလား၊ ဒီနေရာ မလုံ ဖြစ်နေမလား လုံးဝ စိတ်ပူစရာမလိုပါဘူး။

ရာသီဥတု နွေးနွေးထွေးထွေးလေးမှာ ဂါဝန်ရှည်ဝတ်နိုင်သလို ဆောင်းရာသီမှာလည်း ဂါဝန်ရှည်တွေက သင့်ကို လှနေစေမှာပါ။

အပေါ်မှာ ပြောခဲ့သလိုပဲ ဂါဝန်ရှည်တွေက သာမန် ထသွားထလာ ဝတ်နိုင်သလို ပွဲတွေ၊ အခမ်းအနားတွေ သွားရင်လည်း အသုံးဝင်ပါတယ်။

ဂါဝန်ရှည်ကို အပြင်မှာ ချုပ်မယ်ဆိုရင်တော့ သင့်စိတ်ကူး ကောင်းရင် ကောင်းသလို အမျိုးမျိုး ဖန်တီးနိုင်ပါတယ်။ အခုဖော်ပြထားတဲ့ ပုံတွေထဲကလို နမူနာယူပြီး သင့်ဂါဝန်ရှည် ဖက်ရှင်ကို ဆန်းသစ်နိုင်ပါတယ်။

ဂါဝန်ဝတ်တဲ့အချိန် သင့်ဆံပင်ကို နောက်မှာ စည်းထားနိုင်သလို ရေလှိုင်းပုံစံ ဆံပင်တွန့်တွန့်လေးနဲ့လည်း လိုက်ဖက်ပါတယ်။

အသားအရေ အရောင်မရွေးတဲ့ ဂါဝန်အရောင် အများစုကတော့ အနက်၊ အသားရောင်၊ အပြာနု စတာတို့ပဲ ဖြစ်ပါတယ်။

ဒီတော့ ဂါဝန်ရှည်ဖက်ရှင်တွေကို ဆက်ကြည့်လိုက်ရအောင်နော်။ သင်ကြိုက်တဲ့ ဂါဝန်ပုံစံကိုလည်း ပြောပြဖို့ မမေ့နဲ့နော်။

Photo Source: Pinterest

By MyStyle Myanmar