အချိန်တန်အရွယ်ရောက်လို့  ဘဝတိုးတက်ဖို့အတွက် ကြိုးစားနေကြတဲ့အခါ ပျော်ရာမနေရ တော်ရာမှာနေရ ဆိုတဲ့ စကားပုံလိုဘဲ နေရပ်နဲ့အဝေးမှာ ချစ်ရသူတွေနဲ့ခွဲခွာပြီး  သွားရောက်ရပါတယ်။

ပိတ်ရက်တွေမှာ အတူရှိတဲ့ချစ်သူ စုံတွဲတွေကတော့ အတူတူဆုံကြ လည်ကြ Date ကြပေမယ့် မိုင်ပေါင်းများစွာ ဝေးကွာနေကြတဲ့ စုံတွဲတွေအတွက်ကတော့ ခက်ခဲလွန်းပါတယ်နော်။ ဒါကြောင့် အဝေးရောက် ချစ်သူတွေအနေနဲ့ အနေဝေးနေပေမယ့် အတူရှိသလိုခံစားရအောင် လုပ်နိုင်တဲ့အရာလေးတွေကို ဝေမျှပေးလိုက်ပါတယ်နော်-

Video Chat

အခုခေတ်မှာ နည်းပညာတွေတိုးတက်လာတာမလို့ Video Chat နဲ့ဆို အနေဝေးတဲ့ချစ်သူတွေ အတူတူရှိသလိုခံစားလို့ရနိုင်ပါတယ်နော်။

ရုပ်ရှင်ည

Netflix က နှစ်ယောက်လုံးသဘောကျတဲ့ ရုပ်ရှင်ကို ဖုန်း သို့မဟုတ် FaceTime နဲ့ စကားပြောရင်း တူတူကြည့်လို့ရပါတယ်နော်။

အွန်လိုင်းဂိမ်း

အတူတူတစ်ခန်းတည်းမှာမရှိပေမယ့်လည်း အွန်လိုင်းဂိမ်းဆော့ရင်း  တစ်ယောက်ကိုတစ်ယောက် အနိုင်ယူ ဆော့လို့ရပါတယ်။

Digital Photo Album

စမတ်ဖုန်းတွေရဲ့ ကျေးဇူးကြောင့် ခလုတ်တစ်ချက်နှိပ်ရုံနဲ့ Digital Photo Album တစ်ခုဖန်တီးပြီး ဓာတ်ပုံတွေကို အလွယ်တကူ မျှဝေနိုင်ပါတယ်။

Jewelry

နာမည်အတိုကောက် ဒါမှမဟုတ် အဓိပ္ပါယ်ရှိတဲ့ ရက်စွဲ ရေးထွင်းထားတဲ့ လက်စွပ် ၊ လော့ကတ်စတာတွေက ချစ်သူကိုယ့်အနားရှိသလို ခံစားရစေမယ့် အရာလေးတွေပါပဲ။