မင်္ဂလာပါ ပျိုမေတို့ရေ…. မိန်းကလေးတော်တော်များများကို ကြည့်လိုက်မယ်ဆိုရင် သူတို့ရဲ့လည်ပင်းလေးတွေမှာ ဆွဲကြိုးလေးတွေ ကိုယ်စီရှိနေကြတာကို သတိထားမိပါလိမ့်မယ်။

တချို့ကကျတော့ ရွှေကြိုက်လို့ ရွှေဝတ်တယ်၊ တချို့ကျတော့လည်း ဖန်စီလေးတွေဖြစ်တဲ့ Rose Gold အရောင်လေးတွေ ဝတ်တတ်ကြသလို ရိုးရိုးရှင်းရှင်း အဖြူရောင်ပဲကြိုက်တဲ့ ပျိုမေလေးတွေကတော့ ပလက်တီနမ်လေးတွေကို ရွှေးချယ်ဝတ်ဆင်ကြပါတယ်။

၂၁ ရာစုခေတ်ကြီးထဲမှာတော့ အရင်တုန်းကလို ဆွဲကြိုးအထူကြီးတွေ ဝတ်တာထက် ဆွဲကြိုးပါးပါးလေးတွေကို ချစ်စရာကောင်းတဲ့ ဆွဲသီးဒီဇိုင်းလေးတွေနဲ့ ဝတ်ဆင်တာက ပိုပြီးခေတ်စားလာပါတယ်။ ပုံစံဒီဇိုင်းတွေကလည်း ဘယ်လိုမှမရိုးရအောင် ရောင်းချနေတယ်ဆိုပေမယ့်လည်း တချို့ပျိုမေလေးတွေက ကိုယ်နှစ်သက်ရာ ပုံစံလေးတွေကိုပြောပြီးတော့ ဒီဇိုင်းအပ်တတ်တာမျိုးတွေလည်း ရှိပါသေးတယ်။

အခုလို ကိုယ့်အကြိုက် ပုံအပ်ပြီးမှာတတ်တဲ့ ပျိုမေလေးတွေရော၊ လက်ဝတ်ရတနာရောင်းချနေတဲ့ ဆိုင်ရှင်တွေပါ အကြိုက်တွေ့မှာသေချာတဲ့ ဆွဲသီးဒီဇိုင်းလေးတွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်နော်။

Image Source: Pinterest